close

စပါးအသင်းနှင့်အတူ ဆုဖလားရယူနိုင်မည်ဟု ကစားသမားသစ်ရစ်ချာလီဆန် ယုံကြည်

စပါးကစားသမားသစ် ရစ်ချာလီဆန်ဟာ အသင်းနဲ့အတူ ဆုဖလားရယူနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ ထုတ်ဖော်ပြေကြားလိုက်ပါတယ်။

အဲဗာတန်အသင်းကနေ ပေါင်သန်း ၆ဝ လောက်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလက်ရွေးစင် ရစ်ချာလီဆန်ဟာ စပါးအသင်းနဲ့အတူ မှတ်တမ်းသစ်ရေး ထိုးချင်ကြောင်းနဲ့ ဆုဖလားတွေကိုင်မြှောက် နိုင်မယ်လို့ယုံကြည်ကြောင်း အသင်းနဲ့အင်တာဗျူးမှာ ပြောသွားတာပါ။ 

ရစ်ချာလီဆန်က “ခမ်းနားကြီးကျယ်တဲ့ နည်းပြချုပ်နဲ့ ကစားသမားတွေနဲ့အတူ အလုပ်လုပ်ရမှာဖြစ်လို့ စပါးအသင်းနဲ့အတူ မှတ်တမ်းသစ်တွေရေးထိုးနိုင်ဖို့မျှော်လင့်ပါတယ်။ ပြိုင်ပွဲတိုင်းမှာလည်း ယှဉ်ပြိုင်နိုင်ဖို့ နည်းပြအန်တိုနီယိုကွန်တီက အတူတကွလုပ်ဆောင်နေတယ်။ အကောင်းဆုံးယှဉ်ပြိုင်နိုင်မယ့် အရာအားလုံးလည်း ရှိနေတဲ့အတွက် အဆုံးသတ်မှာတော့ ဆုဖလားတစ်လုံး ရယူနိုင်မယ်လို့ထင်ပါတယ်” လို့ ပြောပါတယ်။

ကျောနံပါတ် ၉ ဂျာစီဝတ်ဆင်မယ့် ရစ်ချာလီဆန်ဟာ  ဇူလိုင် ၉ ရက်ကမှ အသင်းနဲ့စတင်ပူးပေါင်းခဲ့ပြီး အသင်းဖော်သစ်တွေနဲ့အတူ မိတ်ဆက်စကားပြောကြားခဲ့ပါတယ်။

//
Up