close

ရေကြည်တွင် ရိုဟင်ဂျာ ၅၁ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ဇူလိုင် ၉ ရက်က မနက်က ရိုဟင်ဂျာ ၅၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ကား နှစ်စီးနဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၅၁ ယောက်ဟာ ဂွမြို့နယ်က ဗေဒါစစ်ဆေး ရေးဂိတ်မှာ အစစ်ဆေးခံရချိန် ကားရပ်မပေးဘဲ ထွက်ပြေးတာကြောင့် ရေကြည်မြို့နယ် စာဥစမ်းကျေးရွာနားမှာ ဖမ်းဆီးခံခဲ့ရတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။

“သူတို့က ရခိုင်ဘက်ကနေလာတာ ဂွမြို့နယ်ထဲက စစ်ဆေးရေးဂိတ်မှာ ရပ်မပေးတော့ ဒီဘက်ကို ဖမ်းဖို့ အကြောင်းကြားလို့တားဖမ်းတာ တစီးက ထွက်ပြေးတော့ နောက်ကလိုက်ဖမ်းရတယ် အားလုံးပေါင်း ၅၁ ဦး ဖမ်းမိတာ”လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ  ၅၁ ဦးကို လက်ရှိမှာ ရေကြည်မြို့နယ် ကုန်းပြင်နယ်မြေ ရဲစခန်းမှာ ဖမ်းဆီးထားပြီး တရားစွဲဖို့ စစ်ကောင်စီကို တင်ပြထားတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

//
Up