close

G-20 အစည်းအဝေးတွင် ရုရှားကို ပြင်းထန်စွာ ဝေဖန်၊ ကျူးကျော်စစ်ပွဲ ချက်ချင်းရပ်ရန် တောင်းဆို

ကျင်းပပြီးစီးသွားတဲ့ G-20 အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတိုင်းမှာ ယူကရိန်း အရေးဟာ မဖြစ်မနေ ပါဝင်ဆွေးနွေးခဲ့ရတဲ့ ကိစ္စရပ်ဖြစ်ခဲ့တယ်လို့ အင်ဒိုနိးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တချို့ အစည်းအဝေးတွေမှာ တက်ရောက်တဲ့ဝန်ကြီးတွေဟာ ရုရှားကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော် တိုက်ခိုက်နေတာကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုခဲ့တယ်လို့  အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။ 

စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖူလုံရေး၊ ရုရှားနဲ့ ယူကရိန်းက ကောက်သီးနှံတွေနဲ့ ဓာတ်မြေသြဇာတွေ ကမ္ဘာ့ဈေးကွက်ထဲကို ပြန်ဝင်ရောက်နိုင်ရေး ကိစ္စဟာလည်း အရေးကြီးတယ်လို့ ပြောပါတယ်။ 

ဘာလီမှာ ကျင်းပခဲ့တဲ့ G-20 အစည်းအဝေးအတွင်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဘယ်လို သဘောတူညီချက်တွေ ရရှိခဲ့သလဲဆိုတာကိုတော့ အင်ဒိုနီးရှား ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောမသွားပါဘူး။

အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က အနောက်နိုင်ငံတွေဟာ ကမ္ဘာ့စီးပွားရေးမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အခွင့်အရေးကို ဖျက်ဆီးပြီး ပဋိပက္ခအပေါ်မှာပဲ အရူးအမူး ဖြစ်နေကြတယ်လို့ အပြစ်တင်ခဲ့ ပါတယ်။

//
Up