close

ကံပေါက် Delco မိုင်းဝင်းအတွင်း မြေပြို

တနင်္သာရီတိုင်း၊  ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်  ကံပေါက်ဒေသမှာ သတ္တုမိုင်းလုပ်နေတဲ့ Delco မိုင်းဝင်းအတွင်း သတ္တုရှာဖွေရေးအတွက် ဖြိုချထားတဲ့တောင်ရဲ့ မြေသားတွေ ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းက ပြိုကျခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖြစ်စဉ်အနီးသွားရောက်ကြည့်ရှူခဲ့သူတဦးကတော့ “ပြိုထားတဲ့ နုန်းမြေတွေက မိုင်းဂိတ်ပေါက်ဝ အနားထိ ရောက်နေတယ်”လို့ ပြောပြပါတယ်။

တောင်ပြိုကျမှုကြောင့်   လူထိခိုက်တာမျိုးမရှိပေမဲ့ ရွာထဲစီးနေတဲ့ ရဲရင့်ချောင်းအတွင်း နုန်းမြေတွေ စီးဆင်းပြီး ချောင်းရေမြင့်တက်ခဲ့တာကြောင့် ညအိပ်တဲ့အချိန်မျိုးထပ်ပြိုကျရင် စိုးရိမ်ရတာမျိုးတော့ရှိတယ်လို့ မိုင်းဝင်းနဲ့နီးတဲ့ရပ်ကွက်မှာ နေထိုင်တဲ့ဒေသခံတဦးကပြောပါတယ်။

အခုနှစ်အတွင်း ကံပေါက်မိုင်းမှာ သတ္တုရှာဖွေရေးအတွက် တောင်ဖြိုချမှုတွေများလာတာကြောင့် ယခုနှစ်မိုးတွင်းပိုင်းအတွက် မြေပြိုကျမှုတွေဆက်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေ ကြပါတယ်။

၂၀၁၅ ခုနှစ်ကလည်း ကံပေါက်ဒေသမှာ Delco မိုင်းအတွင်းက နုန်းမြေကန်ပြိုကျပြီး ရဲရင့်ချောင်းနံဘေး ကပ်ရက်နေထိုင်တဲ့ရပ်ကွက်က နေအိမ်တွေပျက်စီးခဲ့ရပြီး ကလေးငယ်တဦး သေဆုံးခဲ့ပါသေးတယ်။

ကံပေါက်သတ္တုတွင်းကို ၁၉၁၁ ခုနှစ်က အင်္ဂလိပ်လူမျိုးတွေက Merss ကံပေါက် မြန်မာကုမ္ပဏီအနေနဲ့စတင်လုပ်က်ုင်ခဲ့ပြီး ယနေ့မှာတော့၁၉၉၈ကစပြီး Delco ကုမ္ပဏီက ဆက်လက်ကိုင်နေတာဖြစ်ပါတယ်။

//
Up