ကိုလံဘီယာနိုင်ငံတွင် ကျေးလက်စာသင်ကျောင်းအနီး မြေပြို

4
ကိုလံဘီယာနိုင်ငံ၊ တာပတ်တိုမြို့နားက ကျေးလက်စာသင်ကျောင်းတကျောင်းအနီးမှာ ဇူလိုင် ၁၄ ရက်က မြေပြိုမှုဖြစ်ပြီး လူတယောက် သေဆုံး၊ နောက်ထပ် လေးယောက်လောက် မြေစာတွေထဲ အောက်မှာ မြှုပ်သွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ကယ်ဆယ်ရေး အရာရှိတွေရဲ့အဆိုအရ ပြိုကျသွားတဲ့ စာသင်ကျောင်းမှာ ကျောင်းသူ ကျောင်းသား ၂၂ ယောက်နဲ့ ဆရာဆရာမတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ၁၀ ယောက်ကို ကယ်ထုတ်နိုင်တယ်လို့ ဆိုပါတယ်။
မီဒီယာသတင်းတွေအရ ကလေးတယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရသွားတယ်လို့ ဒေသ သတင်းတွေမှာ ဖော်ပြပါတယ်။
မြေပြိုမှုဖြစ်တဲ့နောက်မှာ အနီးနားနေထိုင်သူတွေရော၊ စစ်တပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ပေးနေတယ်လို့ သတင်းတွေက ဆိုပါတယ်။