နောက်ခံလူသစ် မာတီနက်ဇ်ကို မန်ယူနည်းပြ ချီးကျူး

နောက်ခံလူသစ် မာတီနက်ဇ်ဟာ အရပ်မရှည်ပေမယ့် အမြင့်ဘောကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ မန်ယူနည်းပြတန်ဟတ်ဂ်က ချီးကျူးပါတယ်။
မန်ယူအသင်းဟာ အိုင်းယက်အသင်းက အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို ပေါင်သန်း ၅ဝ ကျော်နဲ့ခေါ်ယူခဲ့တာပါ။
သူဟာ အရပ် ၅ ပေ ၉ လက်မပဲရှိတာကြောင့် ဗဟိုနောက်ခံလူတစ်ဦးနေရာအတွက် အခက်အခဲရှိနိုင်တယ်လို့ ခန့်မှန်းသုံးသပ်မှုတွေရှိပါတယ်။
ဒါပေမဲ့ နည်းပြန်တန်ဟတ်ဂ်ကတော့ မာတီနက်ဇ်ဟာ အရပ်အမောင်းမမြင့်မားပေမယ့် အမြင့်ဘောတွေမှာကောင်းမွန်တာကြောင့် ပြဿနာတစ်စုံတစ်ရာ မရှိနိုင်ကြောင်းပြောပါတယ်။
“သူက အရပ်ရှည်တဲ့ကစားသမားမဟုတ်ပေမယ့် အမြင့်ဘောတွေမှာ လုံးဝကောင်းမွန်လို့ ကိစ္စမရှိနိုင်ပါဘူး။ မှန်ကန်တဲ့ဟန်ချက်ညီမှုရှိဖို့ပဲလိုအပ်တာပါ။သူက ချိန်သား ကိုက်လူပ်ရှားနိုင်ပြီး ဒါက သူ့ရဲ့စွမ်းဆောင်ရည်တွေထဲကတစ်ခုပါပဲ။ ပြီးတော့ တောင်အမေရိကသား တစ်ယောက်ရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ ဘောလုံးထိန်းသိမ်းနိုင်မူတွေကိုယူဆောင်ပေးမယ့်သူပါ” လို့ အဲရစ်တန်ဟတ်ဂ်ကပြောပါတယ်။
လာမယ့်ရာသီမှာ ဗဟိုနောက်ခံလူနေရာမှာ ပွဲထွက် ကစားခွင့်ရဖို့အတွက် ဘယ်သူကမှ အာမခံချက်ရှိမထားဘူးလို့လည်း တန်ဟတ်ဂ်က သတိပေးခဲ့ပါတယ်။