မန်စီးတီးနောက်ခံလူ ဇန်ချင်ကို ကိုခေါ်ယူရန် အာဆင်နယ် သဘောတူညီမှုရရှိ

29
အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်း နောက်ခံလူ ဇန်ချင်ကို ကို ပေါင် သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ ဘယ်နောက်ခံလူဟာ ကွင်းလယ်မှာလည်း ကစားနိုင်ပြီး မကြာခင်မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာတော့မှာပါ။
ယူကရိန်းလက်ရွေးစင်ဟာ မန်စီးတီးမှာ ၆ နှစ်ကြာကစားခဲ့ပြီး ဆုဖလား ၉ လုံးအထိ ရယူနိုင်ခဲ့ ပါတယ်။
လက်ရှိအချိန်မှာ မန်စီးတီးအသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်ရေးခရီးစဉ်မှာ ပါဝင်နေပေမဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ရက်ပိုင်းအတွင်းမှာ တရားဝင် ကြေညာသွားဖို့ရှိပါတယ်။
မန်စီးတီးဘက်ကတော့ ဇန်ချင်ကိုရဲ့နေရာအတွက် ဘရိုက်တန်အသင်းက စပိန်ဘယ်နောက်ခံလူ ကူကူရယ်လာကို ပြန်လည်ခေါ်ယူသွားဖို့ လုပ်ဆောင်နေပါတယ်။