close

ပါကစ္စတန်တွင် စက်လှေမှောက်ပြီး လူ ၂၀ ထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံအလယ်ပိုင်း၊ ဆာဒီကာဘက်ခရိုင်က၊ အိန္ဒုမြစ်မြစ်ထဲမှာ ဇူလိုင် ၁၈ ရက်က လူအယောက် ၁၀၀ ကျော်ကို တင်လာတဲ့ စက်လှေတစ်စင်း တိမ်းမှောက်ခဲ့လို့ လူ အယောက်  ၂၀ ထက်မနည်း သေဆုံးခဲ့ကာ ၃၀ လောက် ပျောက်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

စက်လှေဟာ မြစ်ကိုဖြတ်ပြီး မင်္ဂလာဆောင် တစ်ခုဆီ ဦးတည်သွားနေချိန် တိမ်းမှောက်ခဲ့ တာလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

လူ အယောက်၉၀ နီးပါးကို ရေငုပ်သမားတွေက ကယ်ဆယ်နိုင်ခဲ့ပြီး ခရီးသည်အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါ။ 

ယခုအချိန်အထိ ရုပ်အလောင်း ၂၀ ကို ဆယ်ယူရရှိထားပေမယ့် လူ ၃၀ ပျောက်ဆုံးနေတယ်လို့ ဒေသခံအစိုးရအရာရှိ အစ်လမ်တက်စ်လင်မ်က ဒေသခံမီဒီယာကို ပြောပါတယ်။

ရေငုပ်သမား ၃၅  ယောက်လောက်နဲ့  ပျောက်နေတဲ့သူတွေကို ဆက်လက် ရှာနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

//
Up