close

အိန္ဒိယနှင့် ပါကစ္စတန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်နဲ့ မဟာရက်ရ်ှထရာပြည်နယ်တွေမှာ ပြီးခဲ့တဲ့  ၂၄ နာရီအတွင်း မိုးသည်းထန်  ရွာသွန်းခဲ့အပြီး  နေရာအများအပြားမှာ  ဇူလိုင် ၁၁ ရက်က  ရေလွှမ်းခဲ့ပါတယ်။

ရေကြီးနေလို့ ဂူဂျာရတ်ပြည်နယ် ဗယ်ဆဒ် မြို့က အိမ်တွေ ရေမြုပ်ခဲ့ပြီး မြို့တွင်းမှာ သောင်တင်နေတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့  အမျိုးသားသဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) က တပ်ဖွဲ့ဝင်တွေကို စေလွှတ်ထားပါတယ်။

“ရေက သိသိသာသာ တက်လာလို့ မနေ့က စပြီး အခြေအနေက အလွန်ကြောက်စရာကောင်းလာတယ်”လို့ NDRFက စစ်ဆေးရေးမှူး ဗီဂျေးက ပြောပါတယ်။

အာမဒ်ဒါဘက်မြို့မှာ မိုးကြီးနေလို့ လမ်းမတွေပေါ်မှာ နေ့စဉ်ခရီးသည်တွေ သောင်တင်နေတာ ကြောင့် ခရီးသွားတွေရဲ့ယာဉ်တွေလည်း ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် နည်းနည်းအတွင်း နွေရာသီမှာ တောင်အာရှရဲ့ ဒေသအများအပြားမှာ ရာသီဥတု ပြင်းထန်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့အကြီးဆုံးနဲ့ ဆိပ်ကမ်းမြို့ ကရာချိမှာ ဇူလိုင် ၁၁ ရက်က မိုးဆက်တိုက် ရွာခဲ့လို့ မြို့ အစိတ်အပိုင်းတချို့မှာ ရေကြီးခဲ့ပါတယ်။

အရင်အပတ်က မြို့ထဲမှာ မိုးအသင့်အတင့်ကနေ အကြီးအကျယ် ရွာသွန်းခဲ့ပြီး မြေနိမ့်ပိုင်းဒေသ တွေက အိမ်တွေနဲ့ စျေးဆိုင်တွေထဲကို ရေဝင်ခဲ့သလိုမြို့ရဲ့ အစိတ်အပိုင်းတချို့ ရေနစ်မြုပ်ခဲ့ပါတယ်။

ပါကစ္စတန်မှာ မုတ်သုံမိုး သည်းသည်းထန်ထန် ရွာလို့ အပြင်းအထန် ရေလွှမ်းခဲ့တဲ့အတွက် လူဒါဇင်နဲ့ ချီသေဆုံးပြီး ရာနှင့်ချီတဲ့ လူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၉ ရက်မှာ ပြောခဲ့ပါတယ်။ 

နိုင်ငံတောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၅၇ ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့  သဘာဝဘေး အန္တရာယ်နဲ့ ပြည်ထဲရေး အကြံပေး ဇီယာအူလာ လန်ဂို့ဗ်က ပြောပါတယ်။

ပါကစ္စတန်မှာ ၂၀၂၀ ခုနှစ်က လူ့မှတ်ဉာဏ်မှာ  အဆိုးရွားဆုံး ရေကြီးမှုကြောင့် ပါကစ္စတန် ပြည်သူ သန်း ၂၀ ထိခိုက်ခဲ့ပြီး အခြေခံ အဆောက် အအုံတွေ ပျက်စီးခဲ့ပါတယ်။

နိုင်ငံရဲ့ ငါးပုံတစ်ပုံ ရေလွှမ်းမိုးမှုကြောင့် သီးနှံအများအပြား ပျက်စီးခဲ့လို့ ဒေါ်လာဘီလီယံနဲ့ ချီပြီး ဆုံးရှုံးခဲ့ရပါတယ်။

//
Up