close

တရုတ်ဝန်ကြီးချုပ်နှင့် WEF ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေး

တရုတ်ဝန်ကြီးချုပ် လီကီချန်းဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို (WEF) တည်ထောင်သူနဲ့ အမှုဆောင်ဥက္ကဋ္ဌ ခလောက်စ် ရွှပ်ဘ်နဲ့ ဇူလိုင် ၁၉ ရက်က တွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ WEF အကြား ပူးပေါင်းဆောင်ရွက်မှုဟာ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းမြင်သာမှု လုပ်ငန်းစဉ်နဲ့ ယှဉ်လုနီးပါး နှစ်လေးဆယ်ကျော် ခရီးကို ဖြတ်သန်းခဲ့ပြီးပြီလို့ လီက ပြောပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဟာ မသေချာမရေရာမှုတွေ၊ မတည်မငြိမ်ဖြစ်စေတဲ့ အချက်အများကြီးကို ရင်ဆိုင်နေရကြောင်း၊ ဒါပေမဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံအချင်းချင်း အပြန်အလှန် ဖလှယ်မှုတွေက ပြည်သူတွေ မျှဝေတဲ့ဆန္ဒနဲ့ ခေတ်စားနေတဲ့ လမ်းကြောင်းတခုပဲလို့ လီက ထောက်ပြပါတယ်။ 

တရုတ်နိုင်ငံဟာ ပွင့်လင်းမြင်သာမှုရဲ့ အခြေခံကျတဲ့ အမျိုးသားရေးမူဝါဒကို ဆက်ကိုင်စွဲပြီး အပြန်အလှန်အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေအနေတွေကို ဖန်တီးဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ ဆက်သွယ်ရေး အရှိန်အဟုန်မြှင့်တင်ဖို့ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ လီက ပြောပါတယ်။

WEF ဟာ တရုတ်နိုင်ငံနဲ့ နှစ်လေးဆယ်ကျော်အောင် ကောင်းမွန်တဲ့ မိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲတွေကို မြှင့်တင်ဖို့၊ စီးပွားရေး အသိုက်အဝန်းရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့၊ ကမ္ဘာနဲ့ ဒေသတွင်း ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့၊ ရာသီဥတု စိန်ခေါ်မှုကို ရင်ဆိုင်ဖို့၊ စက်မှုလုပ်ငန်း အသွင်ကူးပြောင်းမှုကို မြှင့်တင်ဖို့နဲ့ လူမှုတရားမျှတမှုကို မြှင့်တင်ရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ တရုတ်နိုင်ငံနဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ WEF ဥက္ကဋ္ဌ  ရွှပ်ဘ်က ပြောခဲ့ ပါတယ်။

//
Up