close

အယ်လ်ဆာဗေဒိုတွင် အရေးပေါ်အခြေအနေ တတိယအကြိမ်မြောက် သက်တမ်းတိုး

အယ်လ်ဆာဗေဒိုရှိ ဂိုဏ်းတွေကို ဖြိုခွင်းဖို့  နိုင်ငံရဲ့ကွန်ဂရက်လွှတ်တော်ဟာ ဇူလိုင် ၁၉ ရက်နေ့မှာ အရေးပေါ်အခြေအနေ ကြေညာချက်ကို တတိယအကြိမ်မြောက် သက်တမ်းတိုးခဲ့ပါတယ်။

ဒီအတောအတွင်း ဆာလ်ဗေဒိုရီးယန်း အကျဉ်းသားတွေရဲ့ ဆွေမျိုးသားချင်းတွေဟာ အဲဒီကြေညာချက်အောက်မှာ လုပ်ဆောင်နေတဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှုတွေကို ရှုတ်ချဖို့ လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

အရေးပေါ်အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖမ်းဆီးမှုတွေဟာ မတရားသဖြင့် ဖမ်းဆီးခံခဲ့ရတာလို့ အဖမ်းခံရသူတွေရဲ့ မိဘဆွေမျိုးတွေက ပြောပါတယ်။ 

အာဏာပိုင်တွေဟာ အပြစ်မရှိသူတွေကို ဆင်းရဲနွမ်းပါးတဲ့ အသိုင်းအဝိုင်းမှာ နေထိုင်ရုံသက်သက်နဲ့ အဖမ်းခံရတာလို့ ဖမ်းဆီးခံထားရသူရဲ့ မိခင် မာရီယာ ဆီဘက်စတီယန် အာမာရာက ရိုက်တာကို ပြောပါတယ်။

အယ်လ်ဆာဗေဒိုသမ္မတ နာယစ်ဘ်ဘူကီလီရဲ့ အစိုးရဟာ လူသတ်မှုတွေ အရှိန်မြှင့်နေတာကို ထိန်းချုပ်ဖို့ မတ်လနှောင်းပိုင်းမှာ ရက် ၃၀ စီမံချက်ကို ပထမဆုံး အတည်ပြုခဲ့ပြီးတော့ လွတ်လပ်စွာ စုဝေးခွင့်လိုမျိုး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကာအကွယ်တချို့ကို ဆိုင်းငံ့ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေဟာ နောက်ထပ် ရက်ပေါင်း ၃၀ ကာလကို သက်တမ်းတိုးဖို့ တခဲနက် မဲပေးခဲ့ကြပြီး ဖြစ်နိုင်ခြေ ၈၄ မဲ ထဲမှာ ထောက်ခံမဲ ၆၇ မဲ ရခဲ့ပါတယ်။

အဲဒီအစီအမံဟာ အကြမ်းဖက်ဂိုဏ်းတွေကို တိုက်ခိုက်ဖို့ ထပ်တိုးလုပ်ပိုင်ခွင့်တွေ ပေးထားပြီး အခြေခံအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တချို့ကို ဆိုင်းငံ့ထားတာပါ။

//
Up