close

PSG တိုက်စစ်မှူး မက်ဆီကို အမေရိကဆီသို့ခေါ်ယူရန် ဒေးဗစ်ဘက်ခမ်း စိတ်ဝင်စားနေ

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း  ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းဟာ  နာမည်ကျော် PSG တိုက်စစ်မှူး မက်ဆီကို အမေရိကဆီခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း  ဥက္ကဋ္ဌ ဖြစ်သူဂျော့ချ်မက်စ်ကအတည်ပြုပြောကြားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ  ၂၀၂၃ မှာ  PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး PSG အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုလိုနေပမဲ့လည်း သူကတော့  အနာဂတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှ ဆုံးဖြတ်မှာဖြစ်ကြောင်း  ပြောထားပါတယ်။

အခုအခါ အင်တာမိုင်ယာမီဥက္ကဋ္ဌ ဂျော့ချ်မက်စ်က ဘက်ခမ်းနဲ့သူဟာ   ကမ္ဘာ့အကောင်းဆုံးကစားသမားကို အသင်းဆီခေါ်ယူလိုကြောင်းနဲ့ မက်ဆီမှာ မေဂျာလိဂ်ကို တိုးတက်စေမယ့်သူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

//
Up