close

ဘိုလီးဗီးယားတွင် အမျိုးသမီးများ ဆန္ဒပြ

ဘိုလီးဗီးယားနိုင်ငံ မြို့တော်လာပက်ဇ်မှာ ဇူလိုင် ၂၂ ရက်က အမျိုးသမီးတွေ အများစု ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ လမ်းတွေပေါ် ထွက်လာခဲ့ပြီး အခြေခံအစားအစာ အထောက်အပံ့တွေကို သူတို့ရဲ့ မိုဘိုင်း ပိုက်ဆံအိတ်ထဲက ငွေသားအဖြစ် လဲလှယ်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဆိုင်းဘုတ်တွေကိုင်လာကြတဲ့ ဆန္ဒပြသူတွေဟာ အခြေခံအစားအစာ ထောက်ပံ့မှု (SEDEM) ဖြန့်ဖြူးရေးတာဝန်ခံ ဘိုလီးဗီးယားအေဂျင်စီကို ချီတက်လာခဲ့ပြီး သူတို့နဲ့ မသင့်တော် မကိုက်ညီဘဲ အရည်အသွေးညံ့ဖျင်းပြီး ဈေးလဲကြီးတဲ့ ကုန်ပစ္စည်းတွေ လက်ခံရရှိတာကို ရှုတ်ချခဲ့ကြပါတယ်။ ချီတက်ပွဲရှေ့ကို လျှောက်လာချိန်မှာ အထောက်အပံ့ပစ္စည်းတွေကို ပေးတဲ့အဖွဲ့နဲ့ ဒါကို ဆန့်ကျင်တဲ့အဖွဲ့တွေကြား ရန်တွေဖြစ်ခဲ့ကြပါတယ်။ 

ဆန္ဒပြသူ ကာလာရိုဟာ့စ်က သူတို့ဟာ ဆန်တွေ ဆီတွေ မရတာ ၂ လ လောက်ရှိနေပြီး အာဏာပိုင်တွေက သူတို့မှာလည်း အဲဒါတွေပေးဖို့ ထောက်ပံ့ထားတာ မရှိဘူးလို့ ပြောပါတယ်။ 

သူတို့ကို အစိုးရက တပတ်အတွင်း သက်တမ်းကုန်သွားမယ့် ကုန်ပစ္စည်းတွေကိုသာ ပေးခဲ့ပြီး ထောက်ပံ့ ပစ္စည်းတွေက အသုံးမတည့်ကြောင်းလည်း ပြောပါတယ်။ 

ဒါကြောင့် မိုဘိုင်းကနေ ပိုက်ဆံပေးတာက သူတို့အတွက် ပိုလွယ်ကူပြီး တကယ်လည်း လိုအပ်ပါတယ်လို့ ပြောပါတယ်။ 

ဒီအခြေအနေတွေကြောင့် ဆန္ဒပြသူတွေ ယုံကြည်ကြတာက အထောက်အပံ့ ပစ္စည်းတွေအစား ငွေသားနဲ့ လဲလှယ်ပေးဖို့၊ ဒါမှသာ မိသားစုတိုင်းက သူတို့ဘာဝယ်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်မှာပါ လို့ ဆိုပါတယ်။ 

//
Up