လီဗာပူးတိုက်စစ်မှူး ဖေမီနိုကို ပေါင် ၁၉ သန်းခွဲပေးခေါ်ယူရန် ဂျူဗင်တပ်စ် ကမ်းလှမ်း

ဂျူဗင်တပ်စ်အသင်းဟာ လီဗာပူးတိုက်စစ်မှူး ဖေမီနိုကို ခေါ်ယူဖို့ ပေါင် ၁၉ သန်းခွဲနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။
ဘရာဇီး တိုက်စစ်မှူးဟာ မနှစ်က ရာသီက ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရသူပါ။ အခုနှစ်ရာသီမှာလည်း ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ် ရောက်ရှိလာတာကြောင့် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ရဖို့ရှိနေတာပါ။
ဖေမီနိုဟာ အသက် ၃ဝ အရွယ်ရှိလာပြီး လီဗာပူးနဲ့ စာချုပ်သက်တမ်းလည်း တစ်နှစ်ပဲ ကျန်တော့တာကြောင့် လီဗာပူးအသင်းဘက်က ဆုံးဖြတ်ချက်ချရဖို့ရှိပါတယ်။ လီဗာပူးက မာနေးကို ရောင်းချခဲ့သည့်တိုင် နူနက်ဇ်အပါအဝင် လူးဝစ်ဒီယက်ဇ်၊ ဒီယေဂိုဂျိုတာနဲ့ ဆာလာတို့လည်း ရှိနေတဲ့ တိုက်စစ်မှူး ဖေမီနိုတစ်ယောက် အရန်အဖြစ်နဲ့ပဲ ဆက်သွားရဖို့ရှိပါတယ်။
ပြီးခဲ့တဲ့မေလက အင်တာဗျူးတစ်ခုမှာတော့ လီဗာပူးအသင်းမှာ ပျော်ရွှင်နေပြီး အသင်းမှာ ဆက်ရှိချင်ကြောင်း ဖေမီနိုက ပြောခဲ့ဖူးပါတယ်။