close

အိုးထရတ်ဖို့ဒ်ကွင်းသည် ပွဲထွက်ကစားရန် အကောင်းဆုံးနေရာဖြစ်ဟု အဲရစ်ဆင်ပြော

မန်ယူနိုက်တက်အသင်းရဲ့အိမ်ကွင်း အိုးထရတ်ဖို့ဒ်ဟာ ပွဲထွက်ကစားဖို့ အကောင်းဆုံးနေရာ ဖြစ်တယ်လို့ ကွင်းလယ်လူသစ် အဲရစ်ဆင်က ပြောပါတယ်။

အသက် ၃ဝ နှစ်ရှိ ဒိန်းမတ်ကွင်းလယ်လူဟာ နှလုံးဖောက်တဲ့ရောဂါကြောင့် ကွင်းထဲလဲကျခဲ့ဖူးပေမဲ့ မနှစ်ကရာသီမှာ ဘောလုံးပြန်ကစားနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်အသင်းမှာ ခြေစွမ်းပြခဲ့ပါတယ်။

ဒီနှစ်မှာတော့ မန်ယူအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့အပြီး ပထမဆုံး အင်တာဗျူးမှာတော့ အိုးထရတ်ဖို့ဒ်ကွင်းရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ ထူးခြားမှုကို အဲရစ်ဆင်က တခုတ်တရ ချီးကျူးခဲ့တာပါ။

အိုးထရတ်ဖို့ဒ်ကွင်းက ပရိသတ်တွေရဲ့ဖိအားဟာ အလွန်ကောင်းမွန်ပြီး စပါးအသင်းမှာ ကစားစဉ်ကလည်း အိုးထရတ်ဖို့ဒ်မှာ လာကစားရတိုင်း အမြဲတမ်း ထူးခြားတဲ့ခံစားချက် ရရှိခဲ့ကြောင်း အဲရစ်ဆင်က ပြောပါတယ်။

“အိုးထရတ်ဖို့ဒ်ကွင်းက ပွဲထွက်ကစားဖို့အတွက် အကောင်းဆုံးနဲ့ ပြီးပြည့်စုံမှုအရှိဆုံး နေရာပါပဲ။ ကွင်းထဲမှာ ပရိသတ်တွေကို တွေ့မြင်ရမှာက ပျော်ရွှင်စရာကောင်းတယ်။ ဒီကွင်းကို လာကစားရတဲ့ အချိန်တိုင်းမှာလည်း ကွင်းထဲကဖိအားတွေက အတော်လေး နှစ်သက်စရာကောင်းတယ်” လို့ အဲရစ်ဆင်က ပြောပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အြဖစ် ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ စတင်လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

//
Up