close

မက္ကစီကို ရာဇဝတ်ဂိုဏ်းအချင်းချင်း ခိုက်ရန်ဖြစ်ပြီး ၁၆ ဦး သေဆုံး

မက္ကစီကိုနိုင်ငံအလယ်ပိုင်း ဇကာတိကာစ်ပြည်နယ်မှာ ဖေဖော်ဝါရီ ၅ ရက်က  ရာဇဝတ်ဂိုဏ်းတွေ အချင်းချင်း အကြမ်းဖက် ခိုက်ရန်ဖြစ်ပွားတဲ့ဖြစ်စဉ်မှာ ၁၆ ယောက်  သေဆုံးခဲ့ကြောင်း အစိုးရက အတည်ပြု ကြေညာပါတယ်။  

ဖရက်စ်နီလိုမြို့လမ်းကြားတခုမှာ အလောင်း ၁၀ လောင်းကို စောင်နဲ့ပတ်ထားပြီးနောက် ၆ လောင်းကိုတော့ ဂိုဒေါင်တခုထဲမှာ တွေ့ရတယ်လို့ ပြည်နယ်အစိုးရှေ့နေ ဖရစ္စကိုမာရီလိုက ပြောပါတယ်။

ပြီးခဲ့တဲ့လက ပြည်နယ်မြို့တော်အလယ် လမ်းတခုထဲ ရပ်ထားတဲ့ ကားတစီးထဲမှာ အလောင်း ၁၀ လောင်းကို ရဲက တွေ့ရှိခဲ့ပါတယ်။

ဇကာတိကာစ်ပြည်နယ်မှာ သတ်ဖြတ်မှုတွေ တနှစ်ထက်တနှစ် များပြားနေပြီး ၂၀၂၁ မှာ ခိုက်ရန်ဖြစ် သေဆုံးသူ ၁၀၅၀ ဦးရှိပါတယ်။ အရင်နှစ်တွေထက် အရေအတွက် ပိုများလာတာပါ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up