close

ယူအေအီးနိုင်ငံတွင် မိုးသည်းထန်ပြီး ရေလွှမ်းမိုးမှုကြောင့် ဒေသခံများ ထိခိုက်

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက ရှားဂျာ၊ ဖူဂျိုင်းရာနဲ့ ရာဆယ်ခိုင်းမာ မြို့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းတွေနဲ့ နေအိမ်တွေမှာ ရုတ်တရက် ရေလွှမ်းမိုးမှုတွေကြောင့် ဒေသခံတွေ ထိခိုက်ခဲ့ပါတယ်။

ယူအေအီး အာဏာပိုင်တွေဟာ ရေဘေးသင့်ဒေသတွေမှာ နေထိုင်သူတွေကို အိမ်မှာပဲနေဖို့နဲ့ လိုအပ်မှသာ အပြင်ထွက်ဖို့ အကြံပြုထားပါတယ်။

ဇူလိုင် ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ မရှိမဖြစ် အရေးမကြီးတဲ့ ဝန်ထမ်းတွေအတွက် အဝေးကနေပဲ လုပ်လို့ရတာတွေ လုပ်ကြဖို့ အထူးသဖြင့် ရှားဂျာ၊ ဖူဂျိုင်းရာနဲ့  ရာဆယ်ခိုင်းမာ မြို့တွေက ဘေးသင့်ဒေသတွေရှိ ဗဟိုဌာနအားလုံးကို ယူအေအီးအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။

ဇူလိုင် ၂၈ ရက် ညနေပိုင်းအထိ မိုးရေချိန် တဖြည်းဖြည်း လျော့နည်းလာမယ်လို့ ဒူဘိုင်း အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။

//
Up