မန်ယူအသင်းမှ ထွက်ခွာခွင့်တောင်းထားတယ်ဆိုတဲ့သတင်း စီရော်နယ်ဒို ငြင်းဆို

မန်ယူအသင်းကနေ ထွက်ခွာခွင့်တောင်းထားဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး စီရော်နယ်ဒိုက ပထမဆုံးအကြိမ် ငြင်းဆိုသွားပါတယ်။
အင်စတာဂရမ်မှာ ပရိသတ်တစ်ဦးရေးသားထားတာကို ရော်နယ်ဒိုက မဟုတ်မှန်ကြောင်း ရှင်းလင်းသွားခဲ့ပြီး မှန်ကန်တဲ့သတင်းတစ်ခုကို တစ်နေ့မှာ သိရလိမ့်မယ်လို့ ရော်နယ်ဒိုက ထည့်သွင်းရေးသားထားပါတယ်။
ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သူဟာ မန်ယူအသင်းကနေ ထွက်ခွါခွင့်တောင်းဆိုထားသလို အေးဂျင့်မန်ဒက်စ်ကလည်း အသင်းသစ်ရှာဖွေပေးနေတယ်လို့ မီဒီယာတွေက ရေးသားခဲ့ကြတာပါ။
ရော်နယ်ဒိုကတော့ မီဒီယာတွေဟာ ငွေကြေးအတွက် လူတွေရဲ့အာရုံစိုက်မှုရရှိအောင် ရေးသားနေကြတယ်လို့ဝေဖန်ပါ တယ်။
တစ်နေ့မှာတော့ မှန်ကန်တဲ့သတင်းတချို့ကို ရေးသားနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ရော်နယ်ဒိုကဟာသလုပ်ပြီး ပြန်လည် ဝေဖန်သွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြင်ဆင်းဖို့ရှိနေပြီး နည်းပြဟောင်းဖြစ်သူ ဖာဂူဆန်နဲ့လည်း ဆွေးနွေးခဲ့တယ်လို့သတင်းထွက်ပေါ်နေပါတယ်။