စီရော်နယ်ဒိုကို ခေါ်ယူခြင်းမပြုရန် အက်သလက်တီကိုပရိသတ်များ တောင်းဆို

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူခြင်းမလုပ်ဖို့ အက်သလက်တီကိုအသင်းပရိသတ်တွေက တောင်းဆိုထားပါတယ်။
ရော်နယ်ဒိုဟာ မန်ယူအသင်းကနေ ထွက်ခွါခွင့်တောင်းဆိုထားပြီး အသင်းသစ် ရှာဖွေနေတယ်လို့ သတင်းထွက်ပေါ်နေတာပါ။
အက်သလက်တီကိုပရိသတ်တွေကတော့ တချိန်က မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဖြစ်သူ ရော်နယ်ဒိုကို ခေါ်ယူခြင်း မပြုလုပ်ဖို့ တွစ်တာကနေတဆင့် အသင်းဆီကို တောင်းဆိုခဲ့ကြပါတယ်။
အက်သလက်တီကို ပရိသတ်အဖွဲ့တစ်ဖွဲ့ဟာ Contra CR7 စီရော်နယ်ဒိုကို ဆန့်ကျင်ကြဆိုတဲ့ တွစ်တာ ကမ်ပိန်းတစ်ခုကို လုပ်ဆောင်နေပြီး ရော်နယ်ဒိုကိုခေါ်ယူမယ်ဆိုရင် ကြိုတင်လက်မှတ်တွေကို ပြန်လည်ပယ်ဖျက်မှာ ဖြစ်တယ်လို့ တွစ်တာမှာရေးသားခဲ့ကြပါတယ်။
ရော်နယ်ဒိုဟာ အက်လက်တီကိုရဲ့ အခါးသီးဆုံးပြိုင်ဘက်တိုက်စစ်မှူးအနေနဲ့ ရီးရဲလ်အသင်းမှာ ၉ နှစ်ကြာကစားခဲ့တာပါ။ အက်သလက်တီကိုအသင်း ပြည်တွင်းလိဂ်အပြင် ၂၀၁၄နဲ့ ၂၀၁၆ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာလည်း ရီးရဲလ်မက်ဒရစ်ကို ၂ ကြိမ်စလုံးရှုံးနိမ့်ခဲ့ဖူးပါတယ်။