close

မြင်းမူမြို့နယ်တွင် အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်

စစ်ကိုင်းမြို့နယ် တလိုင်းကျွန်းရွာ မီးလောင်ပြင်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမန္တလေးရွာမှာ  အမျိုးသား သုံးယောက်ကို စစ်ကောင်စီတပ်က မီးရှို့သတ်သွားပြီး ရုပ်အလောင်းတွေဥို မီးလောင်ပြင်မှာ တွေ့ရှိရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၂၇ ရက် မနက်ပိုင်းက စတင်ပြီး လေကြောင်းကနေ တိုက်ခိုက်ကာ ညောင်ပင်ရှည်၊ မူးမန္တလေးတောင်ရွာနဲ့ မြောက်ရွာ တို့ကို ဝင်ရောက် မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “မီးရှို့တာ ညပိုင်းမှာရှို့တာ။ လေကြောင်းကနေ တိုက်တော့ ရွာကလူတော်တော်များများ ပြေးကြရတယ်။ မီးလောင်တာလည်း အိမ်ခြေများတယ်။”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးကြောင့် မူးမန္တလေးတောင်ရွာ ၊ မြောက်ရွာမှာ လူနေအိမ်၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆက်လက်ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့နယ် တလိုင်းကျွန်းရွာမှာလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး သွားတာကြောင့် လူနေအိမ် ၅၉ လုံးနဲ့ စာကြည့်တိုက်၊ ကျေးလက်ဆေးခန်း၊ ဆရာ/ ဆရာမအဆောင် စုစုပေါင်း အဆောက်အအုံ  ၆၃ လုံး  ပျက်စီးသွားတယ်လို့  သိရပါတယ်။

//
Up