close

ကင်တပ်ကီပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၆ ဦးအထိရှိလာ

အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ် အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး အဆိုးရွားဆုံး ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ ရှိလာကြောင်း အုပ်ချုပ်ရေးမှူး အန်ဒီဘီရှီးယားက ပြောကြားလိုက်ပြီး နောက်ထပ်လည်း အသေအပျောက် များလာဦးမယ်လို့ သတိပေးလိုက်ပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ်များစွာ ပါဝင်ကြောင်းလည်း  အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောပါတယ်။

ကင်တပ်ကီအရှေ့ပိုင်း အပ်ပလေရှင်န် ကျောက်မီးသွေးတူးဖော်ရေးဒေသရှိ နေအိမ်တွေနဲ့ မော်တော်ယာဉ်တွေထဲက လူဒါဇင်ပေါင်းများစွာကို ကယ်ဆယ်ရေးအတွက် အမျိုးသားအစောင့်တပ်ဖွဲ့နဲ့ ပြည်နယ်ရဲတပ်ဖွဲ့တို့က ရဟတ်ယာဉ်တွေနဲ့ လှေတွေကို အသုံးပြုဆောင်ရွက်နေပါတယ်။

ပြည်နယ်အရှေ့ပိုင်းဒေသတွေအပြင်  တင်နက်ဆီပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ အနောက်ဗာဂျီးနီးယားပြည်နယ်ရဲ့ အနောက်ပိုင်းအတွက်လည်း  ရေကြီးမှုသတိပေးချက်တွေနဲ့ စောင့်ကြည့်မှုတွေ ဆက်လုပ်နေပါတယ်။

ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေချိန်မှာတော့ အပြင်မှာ တကယ့်အန္တရာယ်တွေရှိနေတုန်းပဲ လို့  အုပ်ချုပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပြီး  ကယ်ဆယ်ရေးလုပ်ငန်းည်း မပြီးသေးကြောင်းနဲ့ နက်ဖြန်လောက်ထိ ရေကျဦးမှာ မဟုတ်သေးဘူးလို့  ပြောပါတယ်။ 

//
Up