close

မူဆယ်ညဈေးအနီး မီးပွိုင့်နားတွင် ဗုံးပေါက်ကွဲ၊ ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်တဲ့ မူဆယ် ညဈေးအနီးက မီးပွင့်နားမှာ ဗုံးပေါက်ကွဲ တာကြောင့် ၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ အကူညီပေးနေသူတွေက ပြောပါတယ်။ 

"အစောက အသံတွေကြားနေရတယ်။ ဘယ်အဖွဲ့လဲမသိ၊ သေလားမသိဘူး၊ မှောက်နေပြီ လောလောဆယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မူဆယ် နာရီစင်ကျော် ကုန်းဆင်းဘက်က မီးပွိုင့်အနီးမှာ ဒီနေ့ ဩဂုတ် ၁ ရက်နေ့ မနက် ၁၁ နာရီ ကျော်လောက် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ၃ ဦး ထိခိုက်တယ်လို့ အကူအညီပေးနေသူတဦးက ပြောပါတယ်။ 

“ထိတာက ပြည်သူနဲ့ဆို ၃ ယောက်။ ဖုန်းဆိုင်က မိန်းကလေးက လန့်ပြီးတော့ ရှော့ခ်ဖြစ်တာက ၂ ယောက်။ မော်တော်ပီကယ် ၁ ယောက်၊ ပြည်သူ့စစ် ၁ ယောက်၊ ပြည်သူထဲက ယောက်ျားလေး ၁ ယောက်။ အခြေအနေက ခြေထောက်တွေ လက်တွေထိတယ် အခြေအနေက။ အသေအ‌ပျောက် မရှိပါဘူး။ ဗုံးပါ။ ၁၁ ခွဲ ဝန်းကျင်လောက်။ ခု ဆေးရုံမှာ။” 

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်း‌က ဆေးရုံကို ကူညီ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

မူဆယ်မှာ မကြာခဏ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှုတွေ ဖြစ်တတ်ပြီး ထိခိုက်ဒဏ်ရာရသူ‌တွေ ရှိသလို သေဆုံးသူတွေလည်း ရှိပါတယ်။

//
Up