close

ကယ်လီဖိုးနီးယားမြောက်ပိုင်းတွင် တောမီးလောင်

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းမှာ တောမီးလောင်ကျွမ်းနေတာ ဇူလိုင် ၃၀ ရက်အထိ ဧက  ၃၀၀၀၀ ကျော် လောင်ကျွမ်းသွားပြီလို့ အမျိုးသားသစ်တောဌာနက ပြောပါတယ်။ 

ဝိုင်ရီးကာမြို့အနီးမှာ အရှိန်ပြင်းပြင်းနဲ့ လောင်နေတဲ့ တောမီးကို မက်ကင်စီ တောမီးလို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ 

ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆွန်က စီစီကီယူ နယ်မြေကို အရေးပေါ် အခြေအနေ ကြေညာထားပြီး ဝိုင်ရီကာမြို့က လူတွေကိုလည်း ဘေးလွတ်ရာ ကယ်ထုတ်ဖို့ အမိန့်ပေးထားပါတယ်။ 

မိုးကြိုးမုန်တိုင်းနဲ့ လေပြင်းတိုက်ခိုက်မှုတွေလည်းဖြစ်နေတာကြောင့် မီးကို ထိန်းချုပ်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ မီးသတ်ဌာန အရာရှိတွေက ပြောပါတယ်။ 

//
Up