close

ပုပ်ရဟန်းမင်း၏ ကနေဒါခရီးစဉ်အတွင်း ယူကရိန်းအတွက် ဆုတောင်းပေး

ပုပ်ရဟန်းမင်း ဖရန့်စစ်က ကနေဒါ ခရီးစဉ်မှာ ယူကရိန်းအတွက် ဆုတောင်းပေးခဲ့တယ်လို့ ဇူလိုင် ၃၁ ရက်မှာ မိန့်ကြားပါတယ်။ 

“ယူကရိန်းမှာ တိုက်ခိုက်ခံနေရတဲ့ ပြည်သူတွေအတွက် အမြဲမပြတ် ဆုတောင်းပေးနေပါတယ်။ စစ်ရဲ့ အနိဌာရုံတွေကနေ လွတ်မြောက်ဖို့အတွက် ဘုရားဆီမှာ ဆုတောင်းနေပါတယ်” လို့ သက်တော် ၈၅ နှစ် ရှိတဲ့ ပုပ်ရဟန်းမင်းက စိန့်ပီတာ ရင်ပြင်က မိန့်ကြားပါတယ်။

ဆင်ခြင်တုံတရားအရ စစ်ကိုရပ်စဲပြီး ညှိနှိုင်းဖို့၊ ဉာဏ်ပညာကိုသုံးပြီး ငြိမ်းချမ်းရေးဆီကို ခြေလှမ်းလှမ်းဖို့ လိုအပ်တယ်လို့ ပုပ်ရဟန်းမင်းက မိန့်ပါတယ်။  

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ဖေဖော်ဝါရီလကတည်းက ပုပ်ရဟန်းမင်းဟာ ငြိမ်းချမ်းရေးကို တောင်းဆိုနေတာပါ။ 

ကျူးကျော်စစ်ပြုတာ၊ အရပ်သားတွေကို တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေကို ပုပ်ရဟန်းမင်းက ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ခဲ့ပါတယ်။ ဒီစစ်ဟာ မတရားတဲ့ ရန်စမှု၊ ကျူးကျော်မှုလို့ ပုပ်ရဟန်းမင်းက သုံးနှုန်းလေ့ရှိပါတယ်။

ဒါပေမယ့် ဗလာဒီ မာပူတင်ကို နာမည်တပ်ပြီး ဝေဖန်တာကိုကတော့ ပုပ်ရဟန်မင်းက တမင် ရှောင်ရှားခဲ့ပါတယ်။

//
Up