close

သမ္မတ ဂျိုးဘိုင်ဒင် ယူကရိန်းကိုရောက်လာပါက ယူကရိန်းအပေါ် အမေရိကန်၏ထောက်ခံမှု ပြသရာရောက်ဟုဆို

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သာ ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို ရောက်လာခဲ့မယ်ဆိုရင် ယူကရိန်းအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကား ဖြစ်လိမ့်မယ်လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။

သမ္မတ ဇလန်းစကီးနဲ့ သမ္မတကတော် အိုလီနာ ဇလန်းစကီးတို့ကို ဗြိတိန်က ရုပ်သံအစီအစဉ် တင်ဆက်သူ ပီယာစ် မော်ဂန်က အင်တာဗျူး မေးမြန်းစဉ်မှာ ပြောလိုက်တာပါ။

နိုင်ငံရေးလှိုင်းတံပိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရာထူးကနေ နုတ်ထွက်သွားတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ပတ်သက်လို့မေးတဲ့ မေးခွန်းကိုတော့ သမ္မတ ဇလန်းစကီးက တိုက်ရိုက်မဖြေဘဲ ဗြိတိန်ရဲ့ ပြည်တွင်း နိုင်ငံရေးကိစ္စတွေကို ဖြေဆိုဖို့ အခွင့်အရေး မရှိဘူးလို့ ပြောသွားပါတယ်။

“ဂျွန်ဆင်က ယူကရိန်းရဲ့ မိတ်ဆွေကြီးပါ။ ဘယ်လိုအခြေအနေ၊ ဘယ်ရာထူးမှာပဲဖြစ်ဖြစ် သူဟာ ယူကရိန်းဘက်က ရပ်တည်မယ်လို့ အလေးအနက် ယုံကြည်ထားပါတယ်” လို့ ဇလန်းစကီးက ပြောသွားတာပါ။

ဗြိတိန်ဝန်ကြီးချုပ်အသစ်အဖြစ် ဘယ်သူပဲ ရွေးချယ်ခံရသည်ဖြစ်ပါစေ၊ ယူကရိန်းဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။

//
Up