လေးနှစ်ဆက်တိုက် ကိုပါအမေရိကားဖလား ချန်ပီယံ ဘရာဇီးအမျိုးသမီးအသင်း

4
ကိုပါအမေရိကားဖလား ဗိုလ်လုပွဲမှာ အိမ်ရှင် ကိုလံဘီယာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံ ဘရာဇီးအမျိုးသမီးဟာ သြဂုတ် ၂ ရက် မနက်ပိုင်းက မိခင်နိုင်ငံ ပြန်လည်ရောက်ရှိလာပါတယ်။
ဘရာဇီးအမျိုးသမီးအသင်းဟာ ဒီနှစ်နဲ့ဆိုရင် လေးနှစ်ဆက်တိုက် ကိုပါအမေရိကားဖလားကို ရရှိတာဆိုပေမဲ့ အောင်ပွဲရ အမျိုးသမီးအသင်းကို လေဆိပ်မှာ လှိုက်လှိုက်လှဲလှဲ တခဲနက် ကြိုဆိုနေတာမျိုး မတွေ့ရပါဘူး။
ဒါပေမဲ့ နိုင်ငံ့ဂုဏ်ဆောင် အမျိုးသမီးအသင်းကတော့ ဘရာဇီးအတွက် ၈ ကြိမ်မြောက် ဖလားကို ရယူပေးနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူတယ်လို့ ပြောပါတယ်။