နယူးယောက်တွင် ရုရှားသမ္မတ ပူတင် တင့်ကားခွစီးနေဟန်ရုပ်တု ထားရှိ

273
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကစားကွင်းတခုမှာ တင့်ကားကိုခွစီးနေဟန် ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အနီရောင်ရုပ်တုကို ထားရှိပါတယ်။
ပူတင်ရဲ့ရုပ်တုကို ကလေးတွေက ရေသေနတ်တွေနဲ့ ပစ်ကစားနေကြတာကို သြဂုတ် ၂ ရက်က မြင်တွေ့ရပါတယ်။
အဲဒီရုပ်တုဟာ ပြင်သစ်ပန်းချီဆရာ ဂျိမ်းစ် ကိုလိုမီနာရဲ့ လက်ရာဖြစ်ပြီး သူဟာ အနီရောင်ရုပ်တုတွေကို အသုံးချပြီး သူ့လက်ရာတွေကိုလည်း ထုတ်ပြောပြစရာ မလိုတဲ့ပုံစံမျိုးနဲ့ ချပြရာမှာ နာမည်ကြီးပါတယ်။
ပူတင်ရုပ်တုကို ပဲရစ်မြို့ လူဇင်ဘတ်ပန်းခြံမှာလည်း တွေ့မြင်နိုင်ပါတယ်။ ဘေးက လာကြည့်တဲ့ မေရီဟမ် ယာကို့ဘ်က “ဒါဟာ တကယ့်ကို ရယ်စရာကောင်းပါတယ်” လို့ ပြောပါတယ်။
ဒါဟာ လူတယောက်ရဲ့အမြင်ကို ဖော်ပြဖို့ နည်းလမ်းကောင်းတခုလို့ ထင်မြင်ကြောင်းနဲ့ အပြင်မှာ ဖြစ်ပျက်နေတာကို မကျေမနပ်ဖြစ်နေတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ကမ္ဘာကို ချပြတာပါပဲလို့ သူက ပြောသွားပါတယ်။