ဂါဇာ၌ စစ်သွေးကြွအဖွဲ့နှင့် အစ္စရေးတို့ ပစ်ခတ်မှု ဆက်ဖြစ်

ဂါဇာဘက်အခြမ်းက စစ်သွေးကြွအဖွဲ့က ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တာတွေကို အစ္စရေးဘက်က တတိယမြောက်နေ့အဖြစ် ဆက်လက် ကာကွယ်နေရပါတယ်။
ဂါဇာဘက်က မြို့တွေကို အစ္စရေးဘက်က တာဝေးပစ် ဒုံးကျည်တွေနဲ့ တပတ်ကြာအောင် ပစ်ခတ်ပြီးတဲ့နောက်မှာ ဂါဇာဘက်က အစ္စလာမ္မစ်ဂျီဟတ် စစ်သွေးကြွတွေက ပြန်တုံ့ပြန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အခုလို အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် အရင်လို ဂါဇာဒေသမှာ စစ်ပွဲပြန်ဖြစ်လာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်းနေပေမယ့် အီရန် ကျောထောက်နောက်ခံပေးထားတဲ့ အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ထက် အင်အားကြီးတဲ့အပြင် ဂါဇာဒေသဒေသကို အုပ်ချုပ်နေတဲ့ ဟာမက် အုပ်စုကတော့ အခုအချိန်အထိ အပြန်အလှန်တိုက်ခိုက်မှုထဲမှာ ပါဝင်မလာသေးပါဘူး။
ဂါဇာအရာရှိတွေရဲ့အဆိုအရ ပါလက်စတိုင်းဘက်မှာ လူ ၃၁ ယောက် သေဆုံးခဲ့ပြီး သုံးပုံတပုံက အရပ်သားတွေလို့ ဆိုပါတယ်။
အခုလို ဂါဇာဘက်ကနေ ရော့ကတ်ဒုံးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် တောင်ပိုင်းက တယ်အဗက် မြို့အပါအဝင် မြို့တွေက ပြည်သူတွေ စိုးရိမ်နေကြပါတယ်။