close

မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားရန် အမေရိကန်တိုက်တွန်း

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက မြန်မာစစ်အာဏာရှင်ကို   တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ သြဂုတ် ၈ ရက်မှာ ကျရောက်တဲ့  ရှစ်လေးလုံးလူထုအရေးတော်ပုံ  ၃၄ နှစ်မြောက် အထိမ်းအမှတ် တောင်းဆိုလိုက်တာပါ။

လွန်ခဲ့တဲ့ ၃၄ နှစ်က ၁၉၈၈ သြဂုတ် ၈ ရက်မှာ သန်းနဲချီတဲ့ ပြည်သူတွေဟာ  လူ့အခွင့်အရေးနဲ့ နှစ်ပေါင်းများစွာကြာမြင့်တဲ့  စစ်အုပ်ချုပ်ရေးအဆုံးသတ်ဖို့အတွက် ဆန္ဒပြခဲ့ကြတယ်။ အခု ဒီ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ ဝမ်းနည်းဖွယ်ရာ နှစ်ပတ်လည်နေ့မှာ ကိုဂျင်မီနှင့်တကွ ဒီမိုကရေစီရေးအတွက် လှုပ်ရှားရင်း အသက်ဆုံးပါးခဲ့ရသူတွေ အားလုံးကို   အမှတ်ရဂုဏ်ပြုတယ်လို့ အမေရိကန်သံရုံးက ဆိုပါတယ်။

လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့ ရပ်တည်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုနဲ့ လူအခွင့်အရေးတွေကို လေးစားလိုက်နာဖို့ စစ်အာဏာရှင်ကို တောင်းဆိုလိုက်ပါတယ်။ 

//
Up