close

တီမိုဗာနာကို တဝက်စျေးဖြင့် လိုက်ဇစ်ဆီ ပြန်လည်ရောင်းချရန် ချဲလ်ဆီးသဘောတူ

ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး တီမိုဗာနာကို တဝက်စျေးနဲ့ အသင်းဟောင်းလိုက်ဇစ်ဆီ ပြန်လည်ရောင်းချဖို့ သဘောတူညီခဲ့ပါတယ်။

ဂျာမနီတိုက်စစ်မှူးဟာ ၂၀၂ဝ ပြည့်နှစ်ကမှ လိုက်ဇစ်ကနေ ပေါင် ၄၇ သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် ပြန်လည်ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဗာနာအတွက် မူလဝယ်စျေးရဲ့ တဝက်ဖြစ်တဲ့ ပေါင် ၂၅ သန်းနဲ့ ရောင်းချဖို့ နှစ်ဖက် သဘောတူညီမှု ရရှိထားပြီး လိုက်ဇစ်အသင်းက ဩဂုတ် ၉ ရက်မှာ ဆေးစစ်မယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်ရှိ တိုက်စစ်မှူးဗာနာဟာ ချဲလ်ဆီးအသင်းဆီ မပြောင်းရွှေ့ခင်က လိုက်ဇစ်အတွက် ၁၅၉ ပွဲမှာ ၉၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သူပါ။

တီမိုဗာနာဟာ ချဲလ်ဆီးနဲ့ ပြီးခဲ့တဲ့ ၂ ရာသီကာလအတွင်းမှာ စုစုပေါင်း ၈၉ ပွဲကစားပြီး ၂၃ ဂိုး သွင်းယူခဲ့ပါတယ်။

ချဲလ်ဆီးဟာ စတာလင်၊ ကူလီဘာလီနဲ့ ကူကူရယ်လာတို့အတွက် စုစုပေါင်း ပေါင် ၁၇၅ သန်းခန့် အသုံးပြုထားတာကြောင့် ဗာနာကို ပြန်လည်ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

//
Up