ဘလွန်းဒီအော ဆန်ခါတင် စာရင်းတွင် မက်ဆီမပါသော်လည်း စီရော်နယ်ဒို ပါဝင်လာ

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်မယ့် ဘလွန်းဒီအောဆုအတွက် ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းထုတ်ပြန်ခဲ့ရာမှာ မက်ဆီမပါခဲ့ပေမယ့် စီရော်နယ်ဒိုပါဝင်လာပါတယ်။
ဘလွန်းဒီအောဆုကို ၇ ကြိမ်အထိရရှိထားတဲ့ ပီအက်ဂျီ တိုက်စစ်မှူး မက်ဆီဟာ ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဆန်ခါတင်စာရင်းမှာတောင်ပါဝင်လာခြင်းမရှိခဲ့တာပါ။
မန်ယူတိုက်စစ်မှူး ရော်နယ်ဒိုကတော့ အသင်းနဲ့ ပထမဆုံးရာသီမှာ ဆုဖလားမရခဲ့ပေမယ့်လည်း ခြေစွမ်းပြ ဂိုးတွေသွင်း ယူနိုင်ခဲ့တာကြောင့် မက်ဆီကို ကျော်ဖြတ်ပြီး စာရင်းမှာပါဝင်လာခဲ့တာပါ။
ဒီစာရင်းမှာ ပရီးမီးယားလိဂ်က ကစားသမား ၁၅ ဦးအထိ ပါဝင်ခဲ့ပြီး ရော်နယ်ဒို၊ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ ၃ ဦးကလွဲရင် ကျန်တဲ့ ၁၂ ဦးက မန်စီးတီးနဲ့ လီဗာပူးအသင်းတွေက ဖြစ်ပါတယ်။
မက်ဆီရဲ့အသင်းဖော် နေမာလည်းပါဝင် လာခြင်းမရှိဘဲ တခြားလူသိပ်မသိတဲ့ကစားသမားတွေထဲ မှာတော့ အေစီမီလန်က ရာဖေးလီယို၊ ဒေါ့မွန်က ဟော်လာတို့ပါဝင်ပါတယ်။
ချဲလ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့သွားတဲ့ရူဒီဂါ၊ လိုက်ဇစ်က အန်ကမ်ကူ၊ အေစီဂိုးသမား မိန့်ဂနမ် တို့လည်းပါဝင် ပါတယ်။
ဆုရဖို့ ရေပန်းအစားဆုံးကတော့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့အပြင် ဂိုးအများဆုံးလည်း သွင်း ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာ ဖြစ်ပါတယ်။