close

အာဆင်နယ်နှင့် လီဗာပူးပစ်မှတ် ရာရမီပီနိုကို ရောင်းချမည်ဟု နည်းပြအမ်မရီ အတည်ပြု

အာဆင်နယ်နဲ့ လီဗာပူးအသင်းတွေက ချိတ်ဆက်နေတဲ့ တောင်ပံတိုက်စစ်မှူး ရာရမီပီနိုကို ရောင်းချဖို့ရှိကြောင်း ဗီလာရီးယဲလ်နည်းပြအမ်မရီကပြောပါတယ်။

အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ပီနိုဟာ မနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်လှမ်းရာမှာ ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံမှာ ပွဲ ၄၀ အထိကစားထားပါတယ်။

သောကြာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရာရမီပီနိုအတွက် ကမ်းလှမ်းမှုတွေ အမှန်တကယ်ရှိမယ်ဆိုရင် အသင်းပြောင်းရွှေ့မှာဖြစ်လို အသင်းဘက်ကလည်း ထွက်ခွာခွင့်ပေး ရမယ့်တာဝန်ရှိကြောင်း နည်းပြအမ်မရီက ပြောပါတယ်။

ဗီလာရီးယဲလ်အသင်းဟာ လာလီဂါအဖွင့်ပွဲ စဉ်အနေနဲ့  ဗယ်လာဒိုးလစ်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

//
Up