close

အေစီမီလန် ကွင်းလယ်ကစားသမား တိုနာလီကို ခေါ်ယူရန် အာဆင်နယ်ဆွေးနွေး

အာဆင်နယ်အသင်းဟာ အေစီမီလန်ရဲ့ အီတလီ ကွင်းလယ်ကစားသမား တိုနာလီကို ခေါ်ယူဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်ရှိ အီတလီလက်ရွေးစင်ဟာ အနာဂတ်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရတာပါ။

အေစီမီလန်ဟာ တိုနာလီအတွက် ပေါင် ၄၆ သန်း သတ်မှတ်ထားပြီး အာဆင်နယ်နဲ့ ဆက်လက်ညှိနှိုင်းရဖို့ ရှိပါတယ်။

တိုနာလီဟာ ၂၀၂ဝ ပြည့်နှစ်က ဘရက်စီယာအသင်းကနေ ထွက်ခွာပြီး အေစီမီလန်ဆီ ပြောင်းရွှေ့ကစားခဲ့သူပါ။ အေစီမှာ စုစုပေါင်း ၈၂ ပွဲ ကစားအပြီး ၅ ဂိုး သွင်းခဲ့ပါတယ်။

//
Up