အသင်းသစ်တွင် အမြန်ဆုံးအံဝင်ခဲ့သည့် ဂျေဆူကို အာဆင်နယ်နည်းပြအာတီတာ ချီးကျူး

5
အသင်းသစ်မှာ အမြန်ဆုံးအံဝင်ခဲ့တဲ့ ဂျေဆူအတွက် ကျေနပ်ပျော်ရွှင်ရကြောင်း အာဆင်နယ် နည်းပြ အာတီတာ ကချီးကျူးပါတယ်။
အာဆင်နယ်တိုက်စစ်မှူးသစ်ဟာ မနေ့က ကစားခဲ့တဲ့ ဆီဗီလာနဲ့ပွဲမှာ ဟတ်ထရစ် သုံးဂိုးသွင်းခဲ့ပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ စုစုပေါင်း ၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
နေရာအသစ်၊ အသင်းသစ်မှာ အသင်းဖော်သစ်တွေနဲ့အတူ အမြန်ဆုံးအသားကျဖို့ဆိုတာ မလွယ်ကူပေမဲ့လည်း ဂျေဆူဟာ အသင်းနဲ့အတူ လျင်မြန်စွာ အသားကျလာခဲ့တယ်လို့ အာတီတာက ပြောပါတယ်။
ဒါ့အပြင် အသင်းဖော်တွေကလည်း ဂျေဆူအတွက် အကောင်းဆုံးပံ့ပိုးပေးခဲ့သလို ဂျေဆူရဲ့ လူပ်ရှားမှုတွေကိုလည်း ပွဲကြည့်တဲ့သူတွေ အားလုံးမြင်နိုင်ကြောင်း အာတီတာက ချီးကျူးပါတယ်။
အလားတူ အသင်းခေါင်းဆောင်သစ် အိုဒီဂတ်ဟာ တိုက်စစ်မှူးဂျေဆူကို ပိုကောင်းအောင် လုပ်ဆောင်ပေးသူလို့လည်း နည်းပြအာတီတာက ချီးကျူးသွားပါတယ်။