close

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ အထူးကွန်မန်ဒိုသင်တန်းဆင်း (ဓာတ်ပုံ)

ချင်းပြည်နယ်အခြေစိုက်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့အထူးကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို Camp Rihli သင်တန်းကွင်းမှာ  ဩဂုတ် ၁၃ ရက်က  ကျင်းပခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)ထံက သိရပါတယ်။

သင်တန်းဆင်းပွဲမှာ သင်တန်းသားတွေက ကရာတေးသရုပ်ပြတာ၊ လက်နက်နဲ့တိုက်ခိုက်မှု သရုပ်ပြတာ၊ ထူးချွန်ဆုတွေချီးမြှင့်တာ၊ သစ္စာဆိုတာတွေ ပြုလုပ်ပြီး Zalen Chinmi သီချင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြတယိလို့ CNDFက ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းဆင်းပွဲမှာ  ချင်းအမျိုးသားအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး Salai William Chin ကအဖွင့်အမှာစကားပြောကြားပြီး၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Salai Peter Thang က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါတယ်။

အဆိုပါသင်တန်းမှာ အမျိုးသမီးသင်တန်းသား ၆ ယောက်၊ အမျိုးသား ၃၆ ယောက် စုစုပေါင်း သင်တန်းသား ၄၅ ယောက်ကို  ၂၀၂၂ ခုနှစ် ဇွန် ၂၀ ရက်မှ ဩဂုတ် ၁၃ ရက်နေ့အထိ ၂  လ ကြာ စစ်သင်တန်းပေးခဲ့တာဖြစ်ပါတယ်။

သင်တန်းကာလမှာတော့ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့လမ်းစဉ်၊ ဂျီနီဗာကွန်ဗင်းရှင်း၊ မြို့တွင်းတိုက်စစ် ချေမှုန်းရေးလက်တွေ့၊ စစ်ရေးပြ၊ စစ်ရေးဗျူဟာ၊ လက်တွေ့လက်နက်ငယ်ပစ်ခတ်ခြင်း၊ ပြောက်ကျားစစ်နည်းဗျူဟာတွေ၊ နိုင်ငံရေးအခြေခံအသိပညာပေးဟောပြော၊ အမျိုးသားနိုင်ငံရေးဦးတည်ချက်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ ဒီမိုကရေစီစနစ်၊ ကရာတေး၊ ရှေးဦးသူနာပြုစုနည်းနဲ့ ရာထူးအလိုက် တာဝန်ဝတ္တရားတွေကို သင်ကြားပို့ချခဲ့တယ်လို့သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ကပြောပါတယ်။

//
Up