close

အမေရိကန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၂ သန်းကျော် ရှိလာ

အမေရိကန်နိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၉၂ ဒသမ ၉ သန်း ကျော်ရှိလာပြီး  သေဆုံးသူစုစုပေါင်း  ၁ ဒသမ ၀၃ သန်းကျော်ရှိလာပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က မှတ်တမ်းတင်ထားပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံတဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်း ၆၀၂  သန်းနီးပါး ထိုးနှံပေးခဲ့ပြီးပါပြီ။

အမေရိကန်ရဲ့ ထိပ်တန်းပြည်သူ့ကျန်းမာရေး အေဂျင်စီဖြစ်တဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာဟာ ဩဂုတ် ၁၁ ရက်မှာ လူချင်းခွာနေရမယ့် သတ်မှတ်ချက်ကို အလေးမပေးတော့သလို ကျန်းမာတဲ့ကျောင်းသားတွေနဲ့ ၀န်ထမ်းတွေကိုလည်း မစစ်ဆေးတော့ဘဲ ရောဂါပိုးရှိသူနဲ့ အနီးကပ် ထိတွေ့ ထားသူတွေ ရောဂါခြေချုပ်နဲ့ နေရမယ့် ကန့်သတ်ချက် အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေး အကြံပြုချက်အ များအပြားကို ဖြေလျှော့ပေးခဲ့ပါတယ်။

လူမှုရေး၊ ပညာရေးနဲ့ စီးပွားရေးလှုပ်ရှားမှုတွေအတွက် အဟန့်အတားတွေကို လျှော့ချရင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေအပေါ် ဖိအားတွေကို လျှော့ချဖို့နဲ့ သိသာတဲ့ နာမကျန်း ဖြစ်မှုတွေကို လျှော့ချဖို့ ရေရှည်ဆောင်ရွက်ချက်တွေကို ပြည်သူ့ကျန်းမာရေး အရာရှိတွေက အာရုံစိုက်နိုင်ဖို့ ပိုအခွင့်သာတဲ့ အနေအထားကို ဖန်တီးပေးတာလို့ ကျန်းမာရေးအေဂျင်စီရဲ့ အစီရင်ခံစာထဲမှာ လမ်းညွှန်ထားပါတယ်။

ကူးစက်ခံအဖြစ် စမ်းသပ် အတည်ပြုထားတဲ့ လူနာတွေကိုတော့ ချက်ချင်း သီးခြားခွဲထားသင့်ပြီး ရောဂါပိုး တွေ့ရင် အိမ်ထဲမှာ ငါးရက်ပြည့်အောင် နေထိုင်သင့်တယ်လို့လည်း လမ်းညွှန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

//
Up