close

အင်ဒိုနီးရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင်မှု တရုတ်နှင့်စစ်ပွဲကို တားဆီးနိုင်မည်ဟု အမေရိကန်ပြော

အမေရိကန်ပြည်ထောင်စုဟာ အာရှဒေသ ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကို တားဆီးဖို့ သန္နိဋ္ဌာန် ချထားပြီး အင်ဒိုနီးရှားရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုက တရုတ်နဲ့ တင်းမာမှုတွေကြားမှာ စစ်ပွဲကို  တားဆီးဖို့ အထောက်အကူ ဖြစ်စေမယ်လို့ အမေရိကန်စစ်တပ်ရဲ့ တပ်မှူးကြီးတစ်ဦးက သြဂုတ် ၁၂ ရက်မှာ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်အပေါ် ခြိမ်းခြောက်တဲ့ လှုပ်ရှားမှုတွေနဲ့ မတည်မငြိမ် ဖြစ်စေတဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့ ကြိုးစားနေတာပါလို့ အမေရိကန် အင်ဒို-ပစိဖိတ်ဒေသ စစ်ဌာနချုပ်မှ ဗိုလ်ချုပ်ကြီး ဂျွန်အာကွီလီနိုက ပြောပါတယ်။

ပေကျင်းက ဒေါသတကြီး ကန့်ကွက်နေတဲ့ကြားက ထိုင်ဝမ်ကို သွားရောက်ခဲ့တဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီရဲ့ ခရီးစဉ်နဲ့အတူ အရှေ့အာရှမှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ပူးတွဲလေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။ 

ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ တပ်ဖွဲ့ဝင် ၅၀၀၀ ထက်မနည်း ပါဝင်နေကြောင်း အင်ဒိုနီးရှားစစ်တပ်က ပြောကြားခဲ့ပါတယ်။ 

မဟာဂဠုန်ဒိုင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ပုံမှန်လုပ်နေကျဖြစ်ပြီး ၁၆ ကြိမ်တိုင်တိုင် ကျင်းပခဲ့ ကြောင်း အင်ဒိုနီးရှားစစ်တပ်ရဲ့ တပ်မှူး အန်ဒီကာ ပါကာဆာက အလေးပေး ပြောကြားခဲ့ပါတယ်။

ဒါဟာ ထိုင်ဝမ်ရေလက်ကြားမှာ မကြာသေးခင်က တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို တုံ့တာ မဟုတ်ကြောင်းလည်း သူက ပြောပါတယ်။ 

//
Up