close

ရန်ဖြစ်ခဲ့သည့် နည်းပြကွန်တီနှင့် တူချယ်တို့ကို အက်ဖ်အေ အရေးယူ

လန်ဒန်ဒါဘီပွဲစဉ်မှာ စပါးစ်နည်းပြကွန်တီနဲ့ ချဲလ်ဆီးနည်းပြတူချယ်တို့ဟာ မသင့်လျော်တဲ့အပြု အမှုပြုလုပ်ခဲ့တယ်ဆိုပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က အရေးယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်မှာကစားခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးနဲ့ စပါးစ်အသင်းတို့  ၂ ဂိုးစီသရေကျခဲ့ပြီး နည်းပြနှစ်ယောက်က  ပွဲချိန်အတွင်းမှာတစ်ကြိမ်၊ ပွဲသိမ်းခရာမှုတ်ပြီးချိန် လက်ဆွဲနှုတ်ဆက်ချိန်မှာ တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။

ဒါဟာ နည်းပြတစ်ဦးအနေနဲ့  မသင့်လျော်တဲ့ အပြုအမူဖြစ်ပြီး အက်ဖ်အေရဲ့စည်းမျဉ်း E3 ကို ချိုးဖောက်ခဲ့ကြောင်း အက်ဖ်အေကထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် နည်းပြနှစ်ဦးစလုံးကို စွဲချက်တင်ထားပြီး သြဂုတ် ၁၈ ရက် မတိုင်ခင် ဖြေရှင်းချက်ပေးရမယ်လို့ အက်ဖ်အေကအကြောင်းကြားခဲ့ပါတယ်။

အက်ဖ်အေအနေနဲ့ ကွန်တီနဲ့ တူချယ်တို့ကို ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေးဆောင်ဖို့ အမိန့်ချမှာဖြစ်ပြီး ဘယ်အတိုင်းအတာအထိလဲဆိုတာကတော့ မသိရသေးပါဘူး။

နည်းပြတူချယ်ကတော့ ဒိုင်လူကြီး အန်တိုနီတေလာကိုလည်း ဝေဖန်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးခံ ရဖို့ရှိနေပါတယ်။ 

//
Up