close

စတာလင်သည် ချဲလ်ဆီးကို မြှင့်တင်ပေးနိုင်မည့်သူဟု နည်းပြတူချယ် ချီးကျူး

ကစားသမားသစ် စတာလင်ဟာ ချဲလ်ဆီးအသင်းရဲ့ခြေစွမ်းကို မြှင့်တင်ပေးနိုင်မယ့်သူ ဖြစ်တယ်လို့ နည်းပြ တူချယ်က ချီးကျူးပြောကြားလိုက်ပါတယ်။

အင်္ဂလန်တောင်ပံတိုက်စစ်မှူးဟာ မန်စီးတီးကနေ ချဲလ်ဆီးဆီကို ပေါင်သန်း ၅ဝ နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

အသက် ၂၇ နှစ်ရှိ စတာလင်ဟာ မန်စီးတီးအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရယူမယ်လို့ ပြောပါတယ်။

စတာလင်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အင်္ဂလိပ်ဘောလုံးလောကကို လွှမ်းမိုးမှုရှိခဲ့သူဖြစ်ကြောင်း၊ အကောင်းဆုံး အသက်အပိုင်းအခြားလည်း ရောက်နေတာကြောင့် လူငယ်ကစားသမားတွေအတွက်လည်း စံပြကစားသမားဖြစ်ကြောင်း နည်းပြတူချယ်က ချီးကျူးပါတယ်။

စတာလင်ကို ခေါ်ယူနိုင်ခဲ့ပေမဲ့ ပြိုင်ဘက်အသင်းတွေနဲ့ နည်းပြတွေကို ယှဉ်နိုင်ဖို့ တခြား ကစားသမားသစ်တွေကို ထပ်ခေါ်ဖို့လည်း လိုအပ်ကြောင်း နည်းပြတူချယ်က မှတ်ချက်ပေးသွားပါတယ်။

//
Up