close

ကမ္ဘာ့ကျန်းမာရေးကဏ္ဍတွင် အကူအညီတိုးပေးရန် တောင်ကိုရီးယားကို ဘီလ်ဂိတ်စ် တောင်းဆို

တောင်ကိုရီးယားကို လာရောက်ခဲ့တဲ့ မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူဖြစ်တဲ့ ပရဟိတသမား ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်စ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍမှာ ပိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ဖို့နဲ့ အကူအညီတွေ တိုးမြှင့်ပေးဖို့  သြဂုတ် ၁၆ ရက်က တောင်းဆိုခဲ့ပါတယ်။

ရောဂါတွေ တိုက်ဖျက်ရေးမှာ သူ့ရဲ့ဖောင်ဒေးရှင်းနဲ့အတူ လက်တွဲ ဆောင်ရွက်သွားဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဘီလ်ဂိတ်စ်ဟာ တောင်ကိုးရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂင်မ်ဂျင်ဖြိုနဲ့ တခြားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုချဲ့ထွင်ရမယ် ဆိုတာတွေကို အရင်ဆုံး ဆွေးနွေးခဲ့ကြပြီး တောင်ကိုရီးယားကို ပိုကြီးမားတဲ့ အခန်းကဏ္ဍအဖြစ် သူရှုမြင်ပုံတွေကို အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်။

ဘီလ်ဂိတ်စ်ဟာ အမျိုးသားလွှတ်တော်မှာ မိန့်ခွန်းပြောကြားချိန်အတွင်း တောင်ကိုရီးယားရဲ့ ကာကွယ်ဆေးထုတ်လုပ်ရေး၊ ရောဂါရှာဖွေထုတ်လုပ်ရေး၊ R&D စွမ်းရည်တွေနဲ့ ရောဂါရှာဖွေရေးစွမ်းရည်တွေကို အားသာချက်အဖြစ် မီးမောင်းထိုးပြခဲ့ပါတယ်။

ကာကွယ်ဆေးခွဲဝေမှု အစီအစဥ် ကိုဗက်စ်အတွက် ဒေါ်လာသန်း ၂၀၀ ကတိပြုခြင်းလိုမျိုး ဘက်စုံ ကမ္ဘာ့ကျန်းမာရေး ပဏာမဆောင်ရွက်ချက်တွေအပေါ် သူ့ရဲ့ပံ့ပိုးကူညီမှုကို ကိုးကားပြီး တောင်ကိုရီးယားက ဒီလုပ်ငန်းမှာ ခေါင်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောသွားပါတယ်။ပါလီမန်အစီအစဉ်တွေအပြီးမှာ ဘီလ်ဂိတ်စ်ဟာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ တွေ့ဆုံခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကူညီပံ့ပိုးပေးဖို့ ဦးဆောင်ရာမှာ တောင်ကိုရီးယားရဲ့ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ပါတယ်။

//
Up