ဝမ်ဘစ်ဆာကာကို ပေါင်သန်း ၄၀ အရှုံးခံ ရောင်းချရန် မန်ယူအသင်းစီစဉ်

771
မန်ယူနိုက်တက်အသင်းဟာ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကို ခေါ်ယူစဉ်ကထက် ပေါင်သန်း ၄၀ အရှုံးခံ ရောင်းချဖို့ စီစဉ်နေပါတယ်။
အသက် ၂၄ နှစ်ရှိ အင်္ဂလန်ညာနောက်ခံလူဟာ ၂၀၁၉ ခုနှစ်က ခရစ္စတယ်ပဲလေ့ကနေ ပေါင်သန်း ၅၀ လောက်နဲ့ ပြောင်းရွှေ့လာတာပါ။
ယူနိုက်တက်အတွက် ပွဲ ၁၃၀ နီးပါး ကစားခဲ့ပြီးဖြစ်ပေမယ့် ခြေစွမ်းတည်ငြိမ်မှုမရှိတာကြောင့် နည်းပြအဲရစ်တန်ဟတ်ဂ်ရဲ့ အနာဂတ်အစီအစဉ်မှာ ပါဝင်မှာမဟုတ်ကြောင်း တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။
သူ့ကို အသင်းဟောင်း ခရစ္စတယ်ပဲလေ့က ပေါင် ၁၀ သန်းနဲ့ ပြန်လည်ခေါ်ယူလိုနေပြီး မန်ယူအသင်းက ပေါင် သန်း ၄၀ အရှုံးခံ ပြန်လည်ရောင်းချတော့မယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ဝမ်ဘစ်ဆာကာကို ရောင်းချပြီးနောက် ဒေါ့မွန်နောက်ခံလူ မူနီယာနဲ့ ဘာစီလိုနာ နောက်ခံလူ ဆာဂျီနိုဒက်စ်တို့ကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။