close

ဂျာမနီတွင် မိုးခေါင်ရေရှားပြီး ရိုင်းမြစ်ရေ စံချိန်တင်ကျဆင်းလာ

လက်ရှိဥရောပရဲ့ နေရာအနှံ့မှာ မိုးခေါင်ရေရှားနေလို့ ဂျာမနီနိုင်ငံက ရိုင်းမြစ်တလျှောက် ခါတိုင်းက ရေမြုပ်နေတဲ့ မှတ်သားစရာ သတိပေးချက်တွေ ရေးထွင်းထားတဲ့ ကျောက်တုံးတွေ ပြန်ပေါ်လာပါတယ်။

‘ငတ်မွတ် ခေါင်းပါးတဲ့ကျောက်’ လို့ခေါ်တဲ့ စာတွေ ရေးထွင်းထားတဲ့ ကျောက်တုံးတွေ ပြန်ပေါ်လာတာဟာ အရင် မိုးခေါင် ရေရှားခဲ့တဲ့ကာလတွေမှာ ကြုံရတဲ့ အခက်အခဲတွေကို သတိပေးချက်အဖြစ် ရှုမြင်ကြပါတယ်။

ဒီကျောက်တုံးတွေဟာ ကောက်ပဲသီးနှံထွက်နှုန်း မကောင်းတာ၊ မြစ်ရေလမ်းကြောင်း ပြတ်တောက်တာနဲ့ နောက်ဆက်တွဲ အငတ်ဘေးကို ညွှန်ပြရာမှာ သုံးပါတယ်။

မိုးခေါင်ရေရှားခဲ့တဲ့ ရက်စွဲတွေနဲ့ ရေးထွင်းတဲ့လူတွေနဲ့ နာမည်တွေ ထွင်းထားတဲ့ ကျောက်တုံး အများအပြားကို မြစ်ကမ်းတလျှောက်မှာ တွေ့ရတာပါ။

အပူချိန်နဲ့ မိုးနည်းနည်းသာ ရွာသွန်းမှုကြောင့် ရက်သတ္တပတ်တွေအတွင်း ဂျာမနီနိုင်ငံရဲ့  အကြီးဆုံးမြစ် ဖြစ်ပြီး ဂျာမနီရဲ့ စီးပွားရေးဆိုင်ရာ သွေးလွှတ်ကြောလည်းဖြစ်တဲ့ မြစ်တွေမှာ ရေမျက်နှာပြင်တွေ ကျဆင်းခဲ့ပြီး ပို့ဆောင်ရေး နှောင့်နှေးတဲ့အပြင် ကုန်စည် ပို့ဆောင်မှုစရိတ်တွေပါ မြင့်တက်လာခဲ့ပါတယ်။

ရိုင်းမြစ်ကမ်းပေါ်က ခိုးဘလန့်ဇ်မြို့အတွင်း ရိုင်းမြစ်အတွက် ခေါက်ဘ်ရည်ညွှန်းမှတ် နေရာမှာရှိတဲ့  ရေမျက်နှာပြင်ဟာ သြဂုတ် ၁၇ ရက်မှာ ၃၄ စင်တီမီတာ ရှိနေပါတယ်။

ဒါဟာ ၂၀၁၈ ခုနှစ်က နောက်ဆုံးနှိုင်းယှဉ်နိုင်တဲ့ မိုးခေါင်ရေရှားမှုအတွင်း စံချိန်တင် မြစ်ရေ အမှတ်နီးပါး ဖြစ်ခဲ့တာလို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

//
Up