ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် ချဲလ်ဆီးကြိုးပမ်း

ချဲလ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
ချဲလ်ဆီးအသင်းဟာ အဖွင့်ပွဲစဉ်တုန်းက အဲဗာတန်ကို အနိုင်ယူခဲ့ပေမယ့် ယော်ဂင်ညိုရဲ့ ပင်နယ်တီဂိုးနဲ့ အနိုင်ရခဲ့တာပါ။
တနင်္ဂနွေနေ့ကစားခဲ့တဲ့ စပါးနဲ့ ၂ ဂိုး စီသရေကျတဲ့ပွဲစဉ်မှာလည်း ရိဆီဂျိမ်းစ်နဲ့ ကူလီဘာလီတို့ကို သွင်းယူပေးခဲ့တာဖြစ်လို့ တိုက်စစ်ကစားသမားတွေ ဂိုးပေါက်ပျောက်ဆုံးနေကြတာပါ။
ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ရာသီက ၁၃ ပွဲ ပွဲထွက်ကစားခဲ့ရာမှာ ၁၁ ဂိုးအထိသွင်းယူခဲ့တာပါ။
အထောင်တိုက်စစ်မှူးစစ်စစ်နေရာမှာ ပြီးခဲ့တဲ့ရာသီက လူကာကူ ကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့လို့ အင်တာမီလန်ဆီအငှားပြန်ချခဲ့တာပါ။
ချဲလ်ဆီးနည်းပြတူချယ်ဟာ ဒေါ့မွန်မှာရှိစဉ်က တိုက်စစ်မှူး အူဘာမီယန်းနဲ့ အတူအလုပ် လုပ်ခဲ့ဖူးပါတယ်။