close

ယူကရိန်းအရှေ့ပိုင်းကို ရုရှားတပ်များ ဆက်လက်ထိုးစစ်ဆင်

ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ပိုင်းဒေသကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်လို့ ယူကရိန်း အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။ 

ခါကိဗ်ဒေသမှာ အထူးစစ်ဆင်ရေး စတင်နေတဲ့အကြောင်းကို ရုရှားကာကွယ်ရေးဝန်ကြီးက အတည်ပြုခဲ့ပြီး မာရီယူပိုမြို့ကိုလည်း  ပတ်ပတ်လည်က ဝိုင်းထားလိုက်ပြီလို့ ပြောပါတယ်။

မာရီယူပိုမြို့အား ယူကရိန်းစစ်တပ်က ထိန်းချုပ်ထားတယ်ဆိုတဲ့ အမေရိကန်ဘက်က ပြောဆိုချက်ကို ရုရှားကာကွယ်ရေးဝန်ကြီးက ငြင်းဆန်ပါတယ်။ 

ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းက ဒွန်းဘက်စ်ဒေသနဲ့ တောင်ပိုင်းကို အပြည့်အ၀ ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ စစ်ဆင်ရေး ဒုတိယအဆင့်ကို ဒီရက်ပိုင်းမှာပဲ စတင်လိုက်တာပါ။

ဒီအတောအတွင်းမှာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေဟာ တွေ့ဆုံစကားပြောနေပေမယ့် တိုးတက်မှုကတော့ နှေးကွေးနေဆဲပဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ပြောပါတယ်။ 

မနေ့က အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ယူကရိန်းဝန်ကြီးချုပ်  ဒန်နီစ် ရှမ်မဟာ Denys Shmyhal  ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ တွေ့ဆုံခဲ့ပြီး ယူကရိန်းအတွက် အကြီးစား စစ်လက်နက်တွေနဲ့ စီးပွားရေး အကူအညီတွေကို ပေးဖို့ တောင်းဆိုခဲ့ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up