close

ဂျူပီတာဂြိုဟ်၏ ပုံအသစ်များ နာဆာထုတ်ပြန်

အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ) ဟာ ဂျိမ်းစ်ဝက်ဘ် အာကာသကြည့် မှန်ပြောင်းက အထူးပြု အနီအောက်ရောင်ခြည်သုံး ကင်မရာ Near-Infrared Camera (NIRCam) ကိုသုံးပြီး ရိုက်ကူးထားတဲ့ ဂျူပီတာဂြိုဟ်ရဲ့ ပုံအသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံတွေက သိပ္ပံပညာရှင်တွေအတွက် ဂျူပီတာဂြိုဟ်ရဲ့ အတွင်းပိုင်း သဲလွန်စတွေကို ပေးလိမ့်မယ်လို့ နာဆာက ပြောပါတယ်။

ဂျိမ်းစ်ဝက်ဘ် အာကာသကြည့်မှန်ပြောင်းကနေ စုဆောင်းရရှိတဲ့ သတင်းအချက်အလက်တွေဟာ အာကာသသိပ္ပံပညာရှင်တွေကို ဂျူပီတာရဲ့ လှုပ်ရှားမှုနဲ့ အချက်အလက်တွေ၊ ဓာတုဗေဒဆိုင်ရာ လေ့လာမှု၊ ပတ်လမ်းတွေနဲ့ ဂြိုဟ်ရံလ စနစ်တွေကို လေ့လာဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

//
Up