close

ထိုင်ဝမ်ကို လွတ်လပ်သည့်နိုင်ငံအဖြစ် ထောက်ခံကြောင်း ကန်လွှတ်တော်အမတ်ပြော

အမေရိကန် အထက်လွှတ်တော်အမတ် မာရှာ ဘလက်ဘန်းဟာ သြဂုတ် ၂၆ ရက်က အငြင်းပွားဖွယ် တိုင်ပေခရီးစဉ်အတွင်းမှာ ထိုင်ဝမ်ကို လွတ်လပ်တဲ့နိုင်ငံတခုအဖြစ် ထောက်ခံကြောင်း ကတိပြုတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်းကို ပြောကြားခဲ့ပါတယ်။

အခုခရီးစဉ်ကို ရပ်တန့်ဖို့ ဘေကျင်းရဲ့ ဖိအားပေးမှုကို အံတုပြီး အထက်လွှတ်တော်အမတ် မာရှာ ဘလက်ဘန်းဟာ အမေရိကန်စစ်လေယာဉ်နဲ့ ထိုင်ဝမ်မြို့တော် တိုင်ပေကို သြဂုတ် ၂၅ ရက် ညပိုင်းမှာ ရောက်ရှိလာခဲ့ပါတယ်။

ဘလက်ဘန်းဟာ သူ့ရဲ့ခရီးစဉ်အတွင်း ထိပ်တန်းလုံခြုံရေးအရာရှိ ဝယ်လင်တန်ကူးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဖ်ဝူတို့ကိုလည်း တွေ့ဆုံမှာဖြစ်ပြီး ခရီးစဉ်က သြဂုတ် ၂၇ ရက်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဘလက်ဘန်းက အစည်းအဝေးတခုအတွင်း ထိုင်ဝမ်ကို လွတ်လပ်တဲ့နိုင်ငံအဖြစ် ရှေ့ကိုဆက်ပြီး ကူညီပံ့ပိုးပေးဖို့ မျှော်လင့်ပါကြောင်း ထိုင်ဝမ်သမ္မတကို ပြောကြားခဲ့တာပါ။

တရုတ်ကတော့ တိုင်ပေမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ကြားကပဲ ထိုင်ဝမ်ကို သူတို့ရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာ ငြင်းဆိုနေတာဖြစ်ပါတယ်။

ဩဂုတ်လ အစောပိုင်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်ကို လာရောက်ပြီးပြီးချင်းမှာပဲ တရုတ်က ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။

//
Up