ဆစ်ဒနီဆိပ်ကမ်းရောက် ကွန်တိန်နာများထဲမှ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ

သြစတြေးလျရဲတပ်ဖွဲ့ဟာ ဆစ်ဒနီဆိပ်ကမ်းကို ရောက်ရှိလာတဲ့ ရေကြောင်းကုန်စည်ပို့ဆောင်ရေး ကွန်တိန်နာတွေထဲက စကျင်ကျောက်တွေအတွင်း သိုဝှက်ထည့်သွင်းထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေး ၁,၈၀၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့တယ်လို့ သြဂုတ် ၂၆ ရက်မှာ ပြောပါတယ်။
သြစတြေးလျမှာ ဒီနေ့အထိ ဖမ်းမိမှုအားလုံးထဲမှာ အကြီးမားဆုံးနဲ့ အထူးခြားဆုံးဖြစ်ပြီး မူးယစ်ဆေး ၁ ဒသမ ၈ တန် ဖမ်းမိတာလို့ နယူးဆောက်သ်ဝေးလ် စုံထောက်အကြီးအကဲ ဂျွန်ဝပ်ဆင်က ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အိုက်စ်မူးယစ်ဆေး ၇၅၀ ကီလိုဂရမ်လောက် သိမ်းဆည်းခဲ့ပြီးနောက် ခုနောက်ဆုံး ဖမ်းဆီးရမိမှုမှာ မက်သမ်အဖက်တမင်း ကီလိုဂရမ် ၁,၀၀၀ ကျော်လောက်လည်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
တင်ပို့မှုအားလုံးဟာ အရှေ့အလယ်ပိုင်းဒေသကဖြစ်ပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု နှစ်ခုစလုံးရဲ့ အသေးစိတ်အချက်အလက်တွေက တူညီနေကြောင်းလည်း ပြောပါတယ်။
နောက်ဆုံးဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ စွဲချက်မတင်ရသေးပေမဲ့ ပြီးခဲ့တဲ့အပတ်က တွေ့ရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က လူသုံးယောက်ကို ဖမ်းဆီးခဲ့ပါတယ်။