close

နယူးဂျာစီတွင် ရိုလာကိုစတာ ချွတ်ယွင်းမှုဖြစ်ပြီး လူအများအပြား ဒဏ်ရာရ

နယူးဂျာစီပြည်နယ်၊ ဂျက်ဆင်မြို့နယ်ရှိ Six Flags Great Adventure အပန်းဖြေဥယျာဉ်မှာ သြဂုတ် ၂၅ ရက် ညပိုင်းက ရိုလာကိုစတာ စီးနင်းမှုမှာ ချွတ်ယွင်းမှုဖြစ်ပြီးနောက် လူအများအပြား ဒဏ်ရာရခဲ့ပြီး ငါးယောက်ကို ဆေးရုံတင်ထားရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

El Toro ရိုလာကိုစတာဟာ စီးနင်းမှုပြီးချိန် လူတွေဆင်းသက်နေကြတုန်း အရှေ့ဘက်ကို တုန်ခါသွားခဲ့တာကြောင့် စီးနင်းသူအများအပြား ခါးနာ ကျောနာ ဒဏ်ရာရခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတွေဟာ ရိုလာကိုစတာ စီးနင်းရာလမ်းကြောင်းတွေကို စစ်ဆေးကြည့်ရှုနေကြပေမဲ့ ဘယ်နေရာမှာ ချွတ်ယွင်းသွားတယ်ဆိုတာ မသိရသေးပါဘူး။ လောလောဆယ် ရိုလာကိုစတာစီးခွင့် ပိတ်ထားပါတယ်။

//
Up