close

ယူကရိန်းအား ကျူးကျော်စစ်ဆင်ခဲ့သည့် သမ္မတပူတင်ကို ပုပ်ရဟန်းမင်းကြီး ဝေဖန်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ယူကရိန်းကို ရုရှားကျူးကျော်စစ်နဲ့ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ 

အာဏာရှင်တယောက်က အမျိုးသားရေးအကျိုးစီးပွားအတွက် ပဋိပက္ခတွေ ဖန်တီးလှုံ့ဆော်နေတယ်လို့ မြေထဲပင်လယ်ကျွန်းနိုင်ငံ မော်လ်တာကို ရောက်ရှိနေစဉ် မိန့်ကြားခဲ့တာပါ။ 

“စစ်ပွဲရဲ့အရိပ်မည်းကြီးက အရှေ့ဥရောပကနေ အခု စတင်ပျံ့နေပါပြီ။ အခြားနိုင်ငံတွေရဲ့ ကျူးကျော်မှု၊ လမ်းပေါ်က ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲတွေ၊ နျူကလီးယားအန္တရာယ်တွေဟာ မဝေးလှတဲ့အတိတ်က အမှတ်ရစရာတွေလို့ ထင်ခဲ့တာ။ အခုတော့ အမျိုးသားရေး အာဏာရှင်တဦးကြောင့် ပြန်ကြုံတွေ့နေရပြန်ပြီ။ သေဆုံးခြင်း၊ ပျက်စီးခြင်း၊ မုန်းတီးခြင်းတွေသာ ဆောင်ကြဉ်းပေးတဲ့ အေးစက်ကြမ်းတမ်းတဲ့ စစ်လေဟာ လူ့အသက်များစွာနဲ့ ကျွန်ုပ်တို့အားလုံးရဲ့ နေ့ရက်တွေကို သိမ်းကြုံးတိုက်ခိုက်နေပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောတာပါ။

အမျိုးသားရေးအကျိုးစီးပွားနဲ့ မင်းမဲ့အဖျက်အမှောင့် ပယောဂဝင်နေတဲ့ အာဏာရှင်အချို့က ပဋိပက္ခမီး မွှေးနေတယ်လို့ ပုပ်က ပြောပြီး ဗလာဒီပူတင်ရဲ့ မတရားမမျှတသောကျူးကျော်စစ်နဲ့ ရက်စက်မှုတွေ ရပ်ပါလို့ တောင်းဆိုပါတယ်။ 

ပုပ်ရဟန်းမင်းက ယူကရိန်းမြို့တော် ကိယက်ဗ်ကိုလည်း မကြာခင် ခရီးထွက်ဖို့ စဉ်းစားနေတယ်လို့လည်း ပြောခဲ့တာပါ။ 

ပုပ်ကို ယူကရိန်းသမ္မတဇလန်းစကီးနဲ့ ကိယက်ဗ်မြို့တော်ဝန်တို့ကလည်း ဖိတ်ကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up