close

မြင်းမူမြို့ရှောင်လမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာကနေ စစ်ကိုင်းဘက်လာတဲ့ စစ်ကောင်စီယာဉ်တန်း မြင်းမူမြို့ရှောင်လမ်းမှာ ဩဂုတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီကျော်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ တွဲကားတွေနဲ့ လာတာဖြစ်ပြီး စုစုပေါင်း ၄ စီးအနက် ၃ စီးမြောက်ကို ပဒေသာမိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)  တာဝန်ရှိသူက ပြောပါတယ်။

“အရင်ကလို စစ်ကားနဲ့ လာတာမဟုတ်ဘူး။ တွဲကားနဲ့ ကုန်တင်တာလိုလို လာတာ။ တိုက်ခိုက်ခံရတဲ့ ကားကတော့ ယိုင်ထိုးသွားပြီး အော်သံတွေပါကြားရတယ်။ သေဆုံး ဒဏ်ရာရအတိအကျတော့ မသိရဘူး။ အရင်က သူတို့က ဒဏ်ရာရရင် နီးစပ်ရာဆေးရုံဆေးခန်းကုတာ။ အဲ့ဒီတော့ အရေအတွက် သိရတယ်။ အခု ဒီကောင်တွေက စစ်ဆေးရုံရောက်မှ ကုတော့တာ။” 

မိုင်းဆွဲတိုက်ခိုက်တာကို အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) တပ်ခွဲDK PDF(MMU) ၊ People Knight Defence Foce Myinmu (PKDF MMU) ၊ TAUNGTHA(TTA PDF)၊ D.B.B.F MMU တို့ ပါဝင်တဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

//
Up